ဖိလစ်ပိုင်သို့ တန်နှင့်ချီသော အမှိုက်များ ပို့ခဲ့မှုအတွက် သံတမန်ရေးရာ ပြဿနာ ပိုမို ဆိုးရွားလာနေစဉ် ဖိလစ်ပိုင်က ကနေဒါဆိုင်ရာ သံအမတ်ကြီးအား ပြန်ခေါ်ခဲ့ကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ကနေဒါ ကုမ္ပဏီတစ်ခုက ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တွင် ပြန်လည် အသုံးပြုနိုင်သည်ဟု မှားယွင်း တံဆိပ်ကပ်ထားသော ပုပ်သိုး ဆွေးမြည့်နေသည့် အမှိုက်များ ပါဝင်သော သင်္ဘောကုန်သေတ္တာ အလုံး ၁၀၀ ခန့်ကို ပေးပို့ခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေး ဆိုးရွားလာခဲ့သည်။
ထိုကိစ္စအတွက် ဖိလစ်ပိုင်သမ္မတ ရိုဒရီ ဂိုဒူတာတေးက ပြီးခဲ့သောလတွင် ဒေါသတကြီး ပြောဆိုခဲ့ပြီးနောက် ပုပ်သိုးနေသည့် ထိုအမှိုက်များအား ကနေဒါက မေ ၁၅ ရက်ကို နောက်ဆုံးထား၍ ပြန်ယူရန်အတွက် မနီလာက အချိန်သတ်မှတ်ပေးခဲ့သည်။ ကနေဒါသည် ယင်းနောက်ပိုင်း ထိုအမှိုက်များအား ပြန်ယူရန် စီစဉ်ခဲ့သော်လည်း အချိန်မသတ်မှတ်ခဲ့ပေ။
ကနေဒါဆိုင်ရာ ဖိလစ်ပိုင် သံအမတ်ကြီးသည် လာမည့် ရက်ပိုင်းအတွင်း မနီလာသို့ ပြန်ရောက်လာမည် ဖြစ်ကြောင်း၊ ကနေဒါသည် နောက်ဆုံး သတ်မှတ်ချိန်ကို ကျော်လွန်ခဲ့ကြောင်း၊ ယင်းအတွက်ကြောင့် ထိုအမှိုက်များသည် ကနေဒါသို့ ပြန်လည် ရောက်ရှိသည့် အချိန်အထိ ကနေဒါတွင် သံတမန် ရုပ်သိမ်းထားမှုအား ဖိလစ်ပိုင်က ဆက်လက် ထိန်းသိမ်းထားမည် ဖြစ်ကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး သီအိုဒိုရိုလော့ဆင်းက Twitter တွင် ရေးသားခဲ့သည်။
ဖိလစ်ပိုင်သည် ထိုပြဿနာအတွက် ကနေဒါနှင့် ဆက်ဆံရေး ဖြတ်တောက်ရန် အသင့်ရှိနေကြောင်းကို သတိပေးလိုက်ခြင်း ဖြစ်ကြောင်း ဒူတာတေး၏ ပြောခွင့်ရပုဂ္ဂိုလ် ဆယ်ဗာဒေါပါနယ်လိုက ပြောကြားခဲ့သည်။
ဒူတာတေး၏ ပြင်းထန်သော မူးယစ်ဆေးဝါး နှိမ်နင်းရေး စစ်ပွဲအား ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးက မေးခွန်းထုတ်ခဲ့ပြီး နောက်ပိုင်း ထိုအမှိုက် ပြဿနာသည် နှစ်နိုင်ငံ ဆက်ဆံရေးကို စမ်းသပ်ခဲ့သည်။ ဒူတာတေး လက်ထက် လူ့အခွင့်အရေး မှတ်တမ်းများကြောင့် ကနေဒါက ဒေါ်လာ ၂၃၅ သန်း တန်ဖိုးရှိသော စစ်ဘက် ရဟတ်ယာဉ် ၁၆ စင်းကို ဖိလစ်ပိုင်သို့ ရောင်းချရန် သဘောတူညီချက်အား ပြန်လည် သုံးသပ်ခဲ့ပြီးနောက် ဒူတာတေးက ပြီးခဲ့သောနှစ်တွင် ထိုသဘောတူညီချက်ကို ဖျက်သိမ်းခဲ့သည်။
ထိုအမှိုက်များအား ကနေဒါသို့ ဖိလစ်ပိုင်က ကိုယ့်အစီအစဉ်ဖြင့်ကိုယ် ပြန်ပို့မည်ဟု ဒူတာတေးက ပြီးခဲ့သော ဧပြီတွင် မိန့်ခွန်းတစ်ခု၌ ခြိမ်းခြောက်ခဲ့ပြီး “ကနေဒါကို တိုက်ကြစို့။ သူတို့တွေကို ကျုပ် စစ်ကြေညာလိုက်ပြီ” ဟု ပြောကြားခဲ့သည်။ ဒူတာတေးသည် စကားကို ကြမ်းတမ်းစွာ အမြဲပြောဆိုလေ့ရှိပြီး မိန့်ခွန်းများတွင် ၎င်း၏ အတိုက်အခံများအား ချဲ့ကားပြောဆိုလေ့ ရှိသည်။
ဒူတာတေး၏ သတိပေးချက်များ ထွက်ပေါ်ခဲ့အပြီး ကနေဒါက ထိုအမှိုက်များအား ပြန်လည် လက်ခံမည်ဟု ထုတ်ပြန်ခဲ့သည်။ ထိုအမှိုက်များအား ပြန်ပို့ရာတွင် ကုန်ကျစရိတ်ကို ကနေဒါက ကျခံသင့်သည်ဟု ဖိလစ်ပိုင်က ထုတ်ပြန်ခဲ့သည်။
ဖိလစ်ပိုင်သို့ ပို့ခဲ့သည့် ထိုကုန်သေတ္တာများအနက် ၃၄ လုံးမှ အမှိုက်များအား ဖိလစ်ပိုင်၌ စွန့်ပစ်ခဲ့ပြီးဖြစ်ပြီး ၆၉ လုံးခန့်သည် ကျန်ရှိနေဆဲ ဖြစ်ကြောင်း ဖိလစ်ပိုင် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
