ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်ကို ဆန့်ကျင်သည့် ခြောက်လပြည့် Yellow Vest ဆန္ဒပြမှုများကို ပြုလုပ်ရန် ချီတက်ဆန္ဒပြသူများသည် မေ ၁၈ ရက်တွင် ပြင်သစ်နိုင်ငံတစ်ဝန်းမှ လမ်းမများထက်သို့ ရောက်ရှိခဲ့ကြပြန်သည်။ သို့သော် Yellow Vest ဆန္ဒပြမှုများ ခြောက်လပြည့်မြောက်လာခြင်းနှင့်အတူ ဆန္ဒပြသူအရေအတွက်မှာလည်း တစ်စတစ်စ လျော့နည်းလာခဲ့ကြောင်း အစိုးရအဖွဲ့၏ စာရင်းထုတ်ပြန်ချက်အရ သိရသည်။
မေ ၁၈ ရက် Yellow Vest ဆန္ဒပြပွဲတွင် ပြင်သစ်နိုင်ငံတစ်ဝန်း ဆန္ဒပြသူအရေအတွက် ၁၅၅၀၀ ရှိပြီး ပါရီမြို့တွင် ဆန္ဒပြသူအရေအတွက် ၁၆၀၀ ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ယင်းအရေအတွက်သည် ဆန္ဒပြသူ ၁၈၆၀၀ ရှိခဲ့သည့် ယခင်သီတင်းပတ် Yellow Vest နှင့်ယှဉ်ပါက အရေအတွက် ထပ်မံလျော့နည်းသွားခြင်းဖြစ်သည်။
Yellow Vest ဆန္ဒပြသူများ ကိုယ်တိုင်စာရင်းကောက်ယူမှုအရ မေ ၁၈ ရက် ဆန္ဒပြမှုအတွင်း နိုင်ငံတစ်ဝန်း ချီတက်ဆန္ဒပြသူ ၄၁၀၀၀ ထိ ရှိသည်ဟု ဆိုသည်။ မည်သို့ပင်ဆိုစေကာမူ ဆန္ဒပြသူ ၃၀၀၀၀၀ နီးပါးရှိခဲ့သည့် နိုဝင်ဘာ ၁၇ ရက် Yellow Vest ဆန္ဒ ပြပွဲနှင့်ယှဉ်ပါက အရေအတွက် သိသိသာသာ လျော့နည်းသွားခဲ့ခြင်းဖြစ်သည်။
မေ ၁၈ ရက်တွင် နန်စီမြို့၊ လိုင်ယွန်၊ ဒီဂျွန်၊ ဘော်ဒိုး၊ တူးလူးမြို့နှင့် အခြားသောမြို့များတွင် ချီတက်ဆန္ဒပြမှုများ အသီးသီးလုပ်ဆောင်ခဲ့ကြသည်။ ပြင်သစ်နိုင်ငံရေးသမားများ၊ သတင်းထောက်များ၊ တက်ကြွလှုပ်ရှားသူများကို အမှုဖွင့်နေသော မြေသြဇာထုတ်လုပ်သည့် ကုမ္ပဏီ Monsanto အား ဆန့်ကျင်ရန် ဘော်ဒိုးမြို့တွင် လုပ်ဆောင်သည့် Yellow Vest ချီတက်ဆန္ဒပြမှုအတွင်း သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူများ ပါဝင်လာခဲ့ကြကြောင်း သိရသည်။
Yellow Vest ချီတက်ဆန္ဒပြသူများကမူ ဆန္ဒပြမှုများကို ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်ထားကြသည်ဟု ဆိုသည်။
“ကျွန်မတို့ တောင်းဆိုထားချက်တွေရဲ့ ပမာဏအနည်းငယ်ကို လုပ်ဆောင်ပြီးပါပြီလို့ မက်ခရွန်ပြောတာကို ကြားရတဲ့အခါ ကျွန်မမကျေနပ်နိုင်ပါဘူး။ အဲ့ဒီလိုပြောတာက ကျွန်မကို ချီတက်ဆန္ဒပြမှု ဆက်လက်လုပ်ဆောင်ဖို့ တွန်းအားပေးနေတာပါ” ဟု မွန့်ပီလာမြို့တွင် ချီတက်ဆန္ဒပြမှု လုပ်ဆောင်နေသော ဗာဂျီနီက ဆိုသည်။
Yellow Vest လှုပ်ရှားမှုထံမှ မေးခွန်းထုတ်ချက်များကို ဖြေကြားခဲ့ပြီးဖြစ်ကာ နိုင်ငံရေးအရ လုပ်ဆောင်ရမည့် အကြောင်းလည်း မရှိကြောင်း၊ နိုင်ငံအား မည်သို့မည်ပုံ အုပ်ချုပ်ရမည်ဆိုသည်နှင့် ပတ်သက်၍ အခြားစိတ်ကူးစိတ်သန်း ရှိသူများအနေဖြင့် ရွေးကောက်ပွဲတွင် ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်အရွေးခံသင့်ကြောင်း မက်ခရွန်က မေ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
အပတ်စဉ် စနေနေ့မွန်းလွဲပိုင်းအချိန်တိုင်းတွင် ဒီမိုကရေစီသည် စိုးမိုးမှုမရှိ ဖြစ်နေရကြောင်းလည်း မက်ခရွန်က ထပ်လောင်းပြောကြားခဲ့သည်။
လာမည့်သီတင်းပတ်တွင် ကျင်းပမည့် ဥရောပပါလီမန်ရွေးကောက်ပွဲအတွင်း ဝင်ရောက်အရွေးခံမည့် စာရင်းထဲ၌ Yellow Vest လှုပ်ရှားသူ အများအပြား ပါဝင်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
