Top News

737 MAX ၏ ဆော့ဖ်ဝဲတွင် အပြစ်အနာအဆာရှိနေသည်ဟု ဘိုရင်းက ဝန်ခံ
24htopnews | September 22, 2024 1:12 PM CST

လေယာဉ်မှူးများကို လေ့ကျင့်ပေးရာတွင်သုံးသည့် 737 MAX လေယာဉ်ပျံသန်းမှု ခွင်တုဆော့ဖ်ဝဲထဲမှ အပြစ်အနာအဆာများအား ပြင်ပေးခဲ့သည့်အကြောင်းကို ဘိုရင်းက မေ ၁၈ ရက်တွင် ဝန်ခံခဲ့သည်။

ခွင်တုဆော့ဖ်ဝဲဆိုသည်မှာ လက်တွေ့တွင် အစစ်အမှန် ဖြစ်ပေါ်နေသကဲ့သို့ မြင်တွေ့ခံစား လုပ်ဆောင်ရနိုင်စေရန် ဖန်တီးပေးသည့် ဆော့ဖ်ဝဲကို ဆိုလိုသည်။ 737 MAX လေယာဉ်အမျိုးအစားပါဝင်သည့် လေယာဉ်ပျက်ကျမှုကြီးနှစ်ခု ဖြစ်ပွားကာ လူ ၃၄၆ ဦး သေဆုံးခဲ့ပြီးနောက် ဘိုရင်းထံမှ ယခုဝန်ခံမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။ လေယာဉ်အင်ဂျင်စက် သေမသွားစေရန် ဟန့်တားပေးသည့်စနစ် (anti-stall system) ချွတ်ယွင်းရာမှ ဖြစ်ပေါ်လာသည့် ခက်ခဲသောအခြေအနေများကို အဆိုပါ ခွင်တုဆော့ဖ်ဝဲက အတိအကျ သရုပ်သကန် ဖန်တီးပေးနိုင်ခဲ့ခြင်းမရှိသည်ကို ဘိုရင်းဘက်မှ မကြာသေးမီက တွေ့ရှိခဲ့သည်။

 မတ်လက ဖြစ်ပွားခဲ့သည့် အီသီယိုးပီးယားလေကြောင်းလိုင်းမှ လေယာဉ်ပျက်ကျမှုနှင့် အောက်တိုဘာလက Lion Air လေယာဉ်ပျက်ကျမှု နှစ်ခုစလုံးတွင် anti – stall system ချွတ်ယွင်းခြင်း အကြောင်းရင်းတစ်ခုအနေနှင့် ပါဝင်နေခဲ့ခြင်းဖြစ်သည်။

“737 MAX ခွင်တုဆော့ဝဲထဲမှာ ပြင်ဆင်မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ မတူညီတဲ့ ပျံသန်းမှု အခြေအနေတွေကို ကိုယ်စားပြုနိုင်တဲ့ အတွေ့အကြုံတွေ ရရှိစေတာ သေချာစေဖို့ အသုံးပြုသူတွေထံ အချက်အလက်သစ်တွေကိုလည်း ပံ့ပိုးပေးထားပါတယ်” ဟု ဘိုရင်း၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြခဲ့သည်။

ထိုအပြစ်အနာအဆာကို မည်သည့်အချိန်တွင် ပထမဆုံး သတိထားမိခဲ့ပြီး စည်းကမ်းထိန်းသိမ်းသူများထံ သတင်းပို့ပေးခဲ့ခြင်း ရှိ မရှိကိုမူ ဘိုရင်းကုမ္ပဏီဘက်က ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်သည်။

သို့သော် 737 MAX နှင့် ဆက်စပ်သည့် ဆော့ဖ်ဝဲတွင် ဒီဇိုင်းပိုင်းဆိုင်ရာ အပြစ်အနာအဆာတစ်ခု ရှိနေသည်ကို ဘိုရင်းဘက်က ဝန်ခံသည်မှာ ယခု ပထမဆုံးအကြိမ်ဖြစ်သည်။

ဘိုရင်း 737 MAX ၏ အဓိကဖောက်သည်တစ်ဦးဖြစ်ပြီး အဆိုပါ 737 MAX လေယာဉ်စင်းရေ ၃၄ စင်း ပိုင်ဆိုင်ထားသည့် Southwest လေကြောင်းလိုင်းက ၎င်းတို့၏ 737 MAX ခွင်တုဆော့ဖ်ဝဲကို ယခုနှစ်နှောင်းပိုင်းတွင် ရရှိလိမ့်မည်ဟု မျှော်မှန်းသည့်အကြောင်း ပြောကြားခဲ့သည်။

737 MAX လေယာဉ် ၂၄ စင်း ပိုင်ထားသော American Airlines မှာမူ 737 MAX ခွင်တုဆော့ဖ်ဝဲတစ်ခုကို မှာယူထား ပြီး ယင်းအား ဒီဇင်ဘာလတွင် ရရှိမည်ဟု ဆိုခဲ့သည်။

လက်ရှိတွင် ကမ္ဘာတစ်ဝန်း၌ 737 MAX လေယာဉ်များသည် အမေရိကန်နှင့် နိုင်ငံတကာ စည်းကမ်းထိန်းသိမ်းရေးများထံမှ ခွင့်ပြုချက်ကို စောင့်နေရသဖြင့် ပျံသန်းခွင့် မရကြသေးပေ။ အမေရိကန်လေကြောင်းလိုင်းများကမူ သြဂုတ်လတွင် 737 MAX လေယာဉ်များအား ပြန်လည်ပျံသန်းခွင့် ရလိမ့်မည်ဟု ခန့်မှန်းနေကြသည်။

လက်ရှိတွင် ကနေဒါလေကြောင်းလိုင်းတစ်ခုထဲတွင်သာ MAX ခွင်တုဆော့ဖ်ဝဲတစ်ခု ပိုင်ဆိုင်ထားခြင်းဖြစ်သည်ဟု လုပ်ငန်းခွင်မှ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ 737 MAX သီးသန့်ဖြစ်သော ခွင်တုစက်မှာမူ အမေရိကန်တွင်သာ ရှိခြင်းဖြစ်ပြီး ယင်းကို ဘိုရင်းက ပိုင်ဆိုင်ခြင်းဖြစ်သည်ဟု FAA ၏ အချက်အလက်များအရ သိရသည်။

အမေရိကန်လေကြောင်းလိုင်းများသည် ၎င်းတို့၏ လေယာဉ်မှူးများအား MAX လေယာဉ်မောင်းနှင်ရန် လေ့ကျင့်ပေးရာတွင် 737 NG လေယာဉ်အမျိုးအစားအတွက် တည်ဆောက်ထားသည့် ခွင်တုဆော့ဖ်ဝဲကို  အသုံးပြုနေကြခြင်းဖြစ်သည်။ 737 လေယာဉ်အုပ်စုထဲမှဖြစ်သော 737 NG သည် 737 MAX မတိုင်မီ ဗားရှင်းဖြစ်သည်။ 

ထိုလေယာဉ်အမျိုးအစားနှစ်ခုကြားတွင် ကွာခြားမှုမှာ အလွန်သေးငယ်ပြီး ပုံမှန်ကွန်ပျူတာနှင့် အွန်လိုင်းလေ့ကျင့်ရေးတို့က အဆိုပါ ကွဲလွဲမှုကို ဖြည့်ပေးရန် လုပ်ဆောင်ပေးနိုင်လိမ့်မည်ဟု ဘိုရင်းဘက်က အလေးအနက်ထား ပြောကြားထားခြင်းဖြစ်သည်။

 


READ NEXT
Cancel OK