ယခုသီတင်းပတ်အစောပိုင်းက ဒုံးပျံတစ်စင်း လွှတ်တင်ခဲ့သည့် ဂျပန်ကုမ္ပဏီတစ်ခုသည် Space X ကဲ့သို့ အမေရိကန်ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်ရေးအတွက် စရိတ်နည်း ဒုံးပျံလွှတ်တင်ရေးဝန်ဆောင်မှုများအား ပေးနိုင်ရန် စီစဉ်နေသည့် အကြောင်း ကုမ္ပဏီ၏ တည်ထောင် သူက ပြောကြားခဲ့သည်။
ဂျပန်မှ စရိတ်နည်းဒုံးကျည် လွှတ်တင်ရေးလုပ်ငန်းသည် အာရှမှ သိပ္ပံနှင့် စီးပွားဖြစ်လိုအပ်ချက် များကို ဖြည့်ဆည်းနိုင်ရန် ကောင်းမွန်သော အနေအထား၌ရှိနေသည်ဟု Interstellar Technology Inc. ၏ တည်ထောင်သူ တာကာဖူမီဟိုရီက ပြောကြားခဲ့သည်။
ဂျပန်တွင် အစိုးရဦးဆောင်သော အာကာသအစီအစဉ်များသည် ထိပ်တန်းနည်းပညာများအား စွမ်းဆောင်ပြနေစဉ် စီးပွားဖြစ်အပိုင်းတွင်မူ စရိတ်ကြီးမြင့်မှုကြောင့် နိုင်ငံမှာ နောက်ကောက်ကျနေရ သည်ဟုလည်း ဟိုရီက ပြောကြားခဲ့သည်။
“ဂျပန်မှာဆိုရင် အာကာသ အစီအစဉ်တွေကို အစိုးရကပဲ အများကြီးပံ့ပိုးပေးနေတာဖြစ်ပြီး အဲ ဒါတွေကလည်း အကောင်းဆုံး၊ အသစ်ဆုံးဆိုတဲ့နည်းပညာတွေနဲ့ ဒုံးပျံတွေထုတ်လုပ်နိုင်ဖို့တစ်ခုတည်း ကိုပဲ အာရုံစိုက်နေကြတာပါ။ ဒါဟာ ဘာသဘောလဲဆိုတော့ သူတို့ ဟာတွေက စျေးကြီးတယ်ဆိုတာပါပဲ” ဟု ဟိုရီက ဆိုသည်။
“ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်တဲ့ ကျွန်တော်တို့ဟာဆိုရင်တော့ အာကာသထဲကို သွားနိုင်ဖို့ နည်း ပညာရဲ့ အနိမ့်ဆုံးအဆင့်ကိုပဲ ဦးတည်နိုင်ပါတယ်။ ဒါဟာလည်း ကျွန်တော်တို့ရဲ့ အားသာချက်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ လူတွေ၊ ကုန်ပစ္စည်းတွေကို စရိတ်အများကြီးလျှော့ချပြီး အာ ကာသထဲကို ပို့ပေးနိုင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ဟိုရီက ၎င်းကုမ္ပဏီ၏ စရိတ်နည်းဒုံးပျံ MOMO-3 သည် ဂျပန်ထဲတွင် ယှဉ်ပြိုင်မှုရှိသော အာကာ သစီးပွားရေးတစ်ခုကို ဖန်တီးနိုင်ရန် နည်းလမ်းဟု ပြောကြားခဲ့သည်။
ကမ္ဘာပတ်လမ်းအထိ ရောက်နိုင်သော ၎င်းတို့၏ ပထမဆုံး ဒုံးပျံ ZERO ကို လာမည့်နှစ်အနည်းငယ် အတွင်း လွှတ်တင်ရန် စီစဉ်နေသည်ဟု ဟိုရီကဆိုသည်။ ထိုသို့ လွှတ်တင်နိုင်လျှင် အီလန်မက်စ်၏ Space X ၊ Amazon တည်ထောင်သူ ဂျက်ဖ်ဘီဇော့၏ Blue Origin နှင့် နယူးဇီးလန်အင်ဂျင်နီယာ ပီတာဘက် ၏ Rocket Lab ကဲ့သို့ ပြိုင်ဘက်များနှင့် တန်းတူဖြစ်လာမည့်သဘော ဖြစ်သည်။
အမေရိကန်က ဦးဆောင်ပြီး တရုတ်နှင့် အခြားနိုင်ငံများက နောက်မှ အပြင်းအထန် လိုက်နေကြသော အာကာသကဏ္ဍတွင် စီးပွားဖြစ် စရိတ်နည်း ဒုံးကျည်တည်ဆောက်ရေးသည် ကြီးထွားလာသော နိုင်ငံ တကာခေတ်ရေစီး၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
