Top News

အာဖရိက အမျိုးသမီးက ဧဝရက်တောင်ထိပ်သို့ တက်ရောက်နိုင်သည့် ပထမဆုံး လူမည်းအမျိုးသမီး ဖြစ်လာ
24htopnews | September 22, 2024 1:12 PM CST

 တောင်အာဖရိကနိုင်ငံသူ စီးပွားရေးလုပ်ငန်း အမှုဆောင်တစ်ဦးသည် မေ ၁၆ ရက်တွင် ဧဝရက်တောင်ထိပ်သို့ ရောက်ရှိခဲ့ပြီး ကမ္ဘာ့အမြင့်ဆုံးတောင်၏ တောင်ထိပ်သို့  တက်ရောက်နိုင်ခဲ့သည့် ပထမဆုံး အာဖရိကလူမည်းအမျိုးသမီးတစ်ဦး ဖြစ်လာခဲ့သည်။

အသက် ၄၇ နှစ်အရွယ်          Saray Khumalo သည် ရာသီဥတု ဆိုးရွားမှု၊ ထိခိုက်ဒဏ်ရာရမှုနှင့် ကံဆိုးမိုးမှောင်ကျခြင်းများကြောင့် ဧဝရက်တောင်တက်ရန်ကြိုးပမ်းမှုများ သုံးကြိမ်တိုင်တိုင် ပျက်စီးခဲ့ပြီးနောက် ၈,၈၄၈ မီတာ (၂၉,၀၂၉ ပေ) မြင့်သည့် တောင်ထိပ်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

“Khumalo  က ဧဝရက် တောင်ထိပ်ကိုရောက်တဲ့ ပထမဆုံး အာဖရိကအမျိုးသမီးပါ။  ရဲရင့်မှုနဲ့  လုံ့လဝီရိယကြောင့် အမြင့်ဆုံးရည်မှန်းချက်တွေကို အောင်မြင်နိုင်တယ်ဆိုတာကို သူက ကျွန်တော်တို့ ကို အသိပေးခဲ့တယ်”ဟု တောင်အာဖရိက သမ္မတ Cyril Ramaphosa  က Twitter တွင် ရေးသားခဲ့သည်။

Khumalo ဧဝရက်တောင်ထိပ်သို့ တက်ရောက်နိုင်ခဲ့မှုကို နီပေါနိုင်ငံ၏ ခရီးသွားဝန်ကြီးဌာန က အတည်ပြုခဲ့သော်လည်း ၎င်းသည် ဧဝရက်တောင်ထိပ်ကို တက်ရောက်နိုင်ခဲ့သည့် ပထမဆုံးအာ ဖရိကလူမည်းအမျိုးသမီး ဟုတ်၊ မဟုတ်ကို မှတ်တမ်းမတင်ခဲ့ပေ။

၂၀၁၇ ခုနှစ်တွင် လေပြင်း တိုက်ခတ်မှုနှင့် နှင်းကိုက်နာတို့ ကြောင့်  Khumalo သည် ဧဝရက် တောင်ထိပ်ရောက်ရန် မီတာအနည်းငယ်အလိုတွင် ရည်မှန်းချက် ကို စွန့်လွှတ်ခဲ့ရသည်။ ၂၀၁၅ ခုနှစ် တွင် နီပေါ၌ ငလျင်ဖြစ်ပွားမှုကြောင့် ၎င်း၏ စူးစမ်းလေ့လာရေးခရီးကို ဖျက်သိမ်းခဲ့ရသည်။ Khumalo သည် ၂၀၁၄ ခုနှစ်တွင် ဧဝရက်တောင်တက်ရန် ပထမဆုံးကြိုးပမ်းခဲ့သော်လည်း ယင်းအချိန်တွင် တောင်ပေါ်မှ နှင်းထုပြိုကျခဲ့ပြီး လမ်းပြ ၁၆ ဦး သေဆုံးခဲ့သောကြောင့် ဧဝရက် တောင်တက်သမားများအားလုံး ရပ်နားခဲ့ရသည်။

Khumalo သည် တိုက်တစ်တိုက်စီရှိ အမြင့်ဆုံးတောင်ထိပ်များကိုလည်း အောင်မြင်စွာတက်နိုင် ရန်ရည်မှန်းထားသည်။၎င်းသည် အာဖရိကရှိ  Kilimanjaro  တောင်၊ အာဂျင်တီးနားရှိ Aconcagua တောင်နှင့် ရုရှားရှိ Sd Elbrus တောင်တို့ကို တက်ရောက်ခဲ့ပြီးဖြစ်သည်။

၂၀၀၃ ခုနှစ်တွင် တောင်အာဖရိက တောခေါင်း Sibusiso Vilane သည် ဧဝရက်တောင်ထိပ် ကိုတက်ရောက်နိုင်သည့် ပထမဆုံး အာဖရိကလူမည်းအမျိုးသားဖြစ် ခဲ့သည်။

Kumalo သည်  ကလေးများ ပညာသင်ကြားရေးကိုထောက်ပံ့ရန်နှင့် စာကြည့်တိုက်များအတွက် ရန်ပုံငွေများ ရှာဖွေရန် ၎င်း၏ စူးစမ်းလေ့လာရေးခရီးများကို အသုံးပြုခဲ့သည်။

ဧဝရက်တောင်အပါအဝင် ဟိမဝန္တာတောင်အများစုကို တက်ရန် ဧပြီနှောင်းပိုင်းနှင့် မေလနှောင်း ပိုင်းအကြားသည် ရာသီဥတု ကောင်းမွန်ပြီး တောင်တက်သူ အများဆုံးအချိန်ဖြစ်သည်။ သို့သော်လည်း တောင်တက်စဉ် သေဆုံးသည့်အရေအတွက်မှာ မြင့်တက်နေဆဲဖြစ်သည်။

ကမ္ဘာ့တတိယအမြင့်ဆုံး တောင်ဖြစ်သည့် Kanchenjunga တွင် အိန္ဒိယနိုင်ငံသားတောင်တက်သမားနှစ်ဦးသေဆုံးခဲ့ပြီး ချီလီနိုင်ငံသားတစ်ဦး ပျောက်ဆုံးနေသည်ဟု  စူးစမ်းလေ့လာရေးခရီးစီစဉ်သူများက ပြောကြားခဲ့သည်။

အသက် ၄၈ နှစ်အရွယ် Biplab Baidya နှင့် အသက် ၄၆ နှစ်အရွယ် Kuntal Karar တို့သည် အနောက်ဘင်ဂေါပြည်နယ်မှ အဖွဲ့ဝင် ငါးဦးနှင့်အတူ နီပေါ-အိန္ဒိယ နယ်စပ်ရှိ မီတာ ၈,၆၀၀ ( ပေ ၂၈,၂၀၀) ရှိ ယင်းတောင်ကို တက်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏ အလောင်းများကို ပြန်လည်သယ်ဆောင်နိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်တွင်  ပီရူးနိုင်ငံသား Richard Hidalgo သည် ကမ္ဘာ့ပဥ္စမအမြင့်ဆုံး တောင်ဖြစ်သည့် Makalu တောင်တွင် သေဆုံးခဲ့သည်။

ကမ္ဘာ့အမြင့်ဆုံးတောင် ၁၄ လုံးအနက် ရှစ်လုံးရှိသည့် နီပေါနိုင်ငံသို့ နှစ်စဉ် တောင်တက်သမား ရာနှင့်ချီ လာရောက်မှုသည် ဆင်းရဲသည့်နိုင်ငံအတွက် အကျိုးအမြတ်များသော လုပ်ငန်းတစ်ခု ဖြစ်ပေါ် စေခဲ့သည်။

 


READ NEXT
Cancel OK