Top News

ပန်ဒါများ၏တည်နေရာသိနိုင်မည့် App ကို တရုတ်သုတေသီများ ဖန်တီး
24htopnews | September 22, 2024 1:12 PM CST

မျက်နှာမှတ်သားသော နည်းပညာကို  အသုံးပြုလျက် ထိန်းသိမ်းစောင့်ရှောက်သူများ က ပန်ဒါဝက်ဝံတစ်ကောင်ချင်းစီကို သိရှိနိုင်မည့် APP တစ်ခုကို တရုတ်က ဖန်တီးခဲ့သည်ဟု အစိုးရပိုင်သတင်းအေဂျင်စီ ဆင်ဟွာက မေ ၁၇ ရက်တွင် ဖော်ပြခဲ့သည်။

တစ်ကောင်ချင်းစီကို မှန်ကန်စွာ သိရှိနိုင်စေရန် ပန်ဒါကောင်ကြီးများ၏ ရုပ်ပုံ ၁၂၀၀၀၀ နှင့် ဗီဒီယိုအတို ၁၀၀၀၀ တို့နှင့် အတူ  သတင်းအချက်အလက်ကို သုတေသီများက တည်ဆောက်ခဲ့ကြသည်။ “app နဲ့ အချက်အလက်တွေဟာ မတ်စောက်တဲ့ တောင်တွေမှ နေထိုင်ပြီး ခြေရာခံဖို ့ခက်ခဲတဲ့ ပန်ဒါရိုင်းတွေရဲ့ အကောင်ရေ၊ ပျံ့နှံ့မှု၊ အသက်၊ လိင်အမျိုးအစား၊ မွေးဖွား၊ သေဆုံး စတဲ့ ပိုမိုတိကျပြီး အဘက်ဘက်လွှမ်းခြုံတဲ့ အချက်အလက်တွေ စုဆောင်းနိုင်စေဖို့ ကျွန်တော်တို ့ကို အကူအညီပေးပါလိမ့်မယ်” ဟု ပန်ဒါကြီးများအတွက် တရုတ်ထိန်းသိမ်းရေး နှင့်  သုတေသနဌာနမှ သုတေသီ ချန်ပင်းက ဆင်ဟွာကို ပြောကြားခဲ့သည်။

သားပေါက်နှုန်း နှေးကွေးသည်ဟုထင်ရှားသော ပန်ဒါ၏ လက်ရှိအရိုင်းကောင်များ အကြားတွင် သားပေါက်ဖွားမှုကို အားပေးရန်နှင့် ချိတ်ဆက်နိုင်စေရန် ပန်ဒါကောင်ကြီးများအတွက် Yello Stone အမျိုးသား ဥယျာဉ်ထက်သုံးဆရှိသော နယ်မြေတစ်ခုကို ဖန်တီးမည့်အစီအမံများကို လွန်ခဲ့သောနှစ်တွင် တရုတ်က ထုတ်ပြန်ခဲ့သည်။

နိုင်ငံ၏ အချစ်တော်သတ္တဝါအတွက် တောင်တန်းထူထပ်သော တရုတ်အနောက်  တောင်ပိုင်း၌ Giant Panda National Park တည်ဆောက်ရန် ဘတ်ဂျက် ယွမ် ၁၀ ဘီလျံ (ဒေါ်လာ ၁.၆ ဘီလျံ) ထက်မနည်း ချထားပေး ခဲ့သည်ဟု China Daily က ဖော်ပြခဲ့သည်။


READ NEXT
Cancel OK