ဂျာမနီရှိ လမ်းမများနှင့် စက်ဘီးစီးသည့် လမ်းများ၌ ဘက်ထရီစွမ်းအင်သုံး စကူတာများစီးမှုကို အာဏာပိုင်များက မေ ၁၇ ရက် တွင် ခွင့်ပြုခဲ့သော်လည်း လမ်းသွားလမ်းလာများကို ကာကွယ်ရန်အတွက် လူသွားစင်္ကြံများတွင် စီးနင်းမှုကိုမူ ပိတ်ပင်ခဲ့သည်။
လမ်းပေါ်တွင် ဘေးကင်းလုံခြုံမှုနှင့် ယာဉ်သွားလာမှုအပေါ် အကျိုးသက်ရောက်မှုနှင့်ပတ်သက်ပြီး ပြင်းထန်သည့် ငြင်းခုံဆွေးနွေးမှုအပြီးတွင် လမ်းမပေါ်တွင် လျှပ်စစ် အသုံးပြုမောင်းနှင်သည့်ယာဉ်များကို ခွင့်ပြု ပေးရေးအတွက် ပို့ဆောင်ရေးဝန်ကြီး Andreas Scheuer၏ အဆိုပြုချက်ကို အထက်လွှတ်တော်က အတည်ပြုခဲ့သည်။
လူသွားစင်္ကြံများတွင် လျှပ်စစ်စကူတာများ စီးခွင့်ပြုရန်အတွက် Scheuer၏ ကနဦး အကြံပြုချက်ကို နိုင်ငံရေးသမားများ၊ ရဲသမဂ္ဂများနှင့် အာမခံအဖွဲ့များက ကန့်ကွက်ခဲ့သဖြင့် ၎င်း၏ အကြံပြုချက်ကို ပြင်ဆင်ဖြည့် စွက်ခဲ့ရသည်။
လျှပ်စစ်စကူတာများကို လူသွားစင်္ကြံများတွင် ခြွင်းချက် ကိစ္စရပ်များအတွက်သာ စီးခွင့်ပေးမည်ဖြစ်ပြီး သင်္ကေတများဖြင့် တိတိကျကျ ညွှန်ပြမည်ဖြစ်သည်။ လျှပ်စစ်စကူတာစီးသူများသည် အသက် ၁၄ နှစ်နှင့်အထက် ရှိရန်နှင့် အမြန်နှုန်း တစ်နာရီလျှင် ၂၀ ကီလို မီတာ( ၁၂.၄ မိုင်) နှုန်းဖြင့်သာစီးရန် ကန့် သတ်ထားသည်။
ယင်းဆုံးဖြတ်ချက်သည် ဘာလင်အခြေ စိုက် Tier ကုမ္ပဏီနှင့် အမေရိကန်ကုမ္ပဏီများဖြစ်သည့် Lime နှင့် Bird တို့နှင့်အပြိုင် ဖြစ်သည့် ဆွီဒင်ကုမ္ပဏီ Voi အတွက် ဂျာမနီရှိမြို့များတွင် လျှပ်စစ်စကူတာများ ငှားရမ်းမှု အား ထောက်ပံ့ပေးရန် စျေးကွက်အပြိုင်ဖွင့် ပေးမှုလည်းဖြစ်သည်။
လျှပ်စစ်စကူတာစျေးကွက် ဖွံ့ဖြိုးလာမှု ၏ စီးပွားရေးပုံစံသည် တိုးတက်ရန် လိုအပ်နေသေးသည်ဟု ဘော်စတွန်အကြံပေးအဖွဲ့ BCG ၏ မေ ၁၇ ရက်က ထုတ်ပြန်ခဲ့သည့် လေ့လာမှုတွင် သတိပေးခဲ့သည်။
“စျေးကွက်က ကြီးထွားလာမယ်ဆိုရင် ယာဉ်အရှိန်က Ferrari ကားတစ်စီးလို ဖြစ်လာနိုင်ခြေရှိတယ်” ဟု BCG ၏ လေ့လာမှု တွင် ဖော်ပြခဲ့သည်။
ဂျာမန်ကားထုတ်လုပ်သည့်ကုမ္ပဏီ Volkswagfen သည် နှစ်ကုန်မတိုင်မီ ၎င်း၏ ကားဝေမျှစီးသည့် ကိုယ်ပိုင်အစီအစဉ်နှင့် ပူးပေါင်းမည့် အစီအစဉ်နှင့်အတူ လျှပ်စစ်စကူတာစျေးကွက်ကို မျက်စိကျနေသည်။
သို့သော် စကူတာများ စုပုံများပြားလာခြင်းသည် စက်ဘီးအဖွဲ့များက ပိုမို ကျယ်ပြန့်သည့် စက်ဘီးစီးလမ်းများပေးရန် တောင်းဆိုထားသည့် ဂျာမနီ၏လမ်းများပေါ်တွင် နေရာအတွက် ပြိုင်ဆိုင်မှု ပြင်းထန်လာမည် ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
