အမေရိကန်နှင့် အီရန်တို့ကြား တင်းမာမှု မြင့်တက်နေစဉ် ကျယ်ပြန့်သော ပါရှန်ပင်လယ်ကွေ့ပေါ်၌ ဖြတ်သန်းသည့် စီးပွားရေးလေကြောင်းလိုင်းများသည် မှားယွင်းသတ်မှတ်ခံရနိုင်သည့် အန္တရာယ်ရှိနေကြောင်း အမေရိကန်သံတမန်များက မေ ၁၈ ရက်တွင် သတိပေးခဲ့ကြသည်။ လတ်တလော တင်းမာမှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ လေကြောင်းသွားလာမှုအတွက် အလွန်အမင်း အရေးပါသော ထိုဒေသကို ခြိမ်းခြောက်နေ သည့် ထိုအန္တရာယ်များကို ကြုံနေရကြောင်း အမေရိကန်ဖက်ဒရယ် လေကြောင်းစီမံထိန်းချုပ်ရေးအဖွဲ့ (FAA) က သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။
ပါရှန်ပင်လယ်ကွေ့နှင့် အိုမန်ပင်လယ်ကွေ့ရေပြင်များပေါ်မှ ဖြတ်သန်းသည့် စီးပွား ရေးလေကြောင်းလိုင်းအားလုံးသည် မြင့်တက်နေသော စစ်ရေးလှုပ်ရှားမှုများနှင့် နိုင်ငံရေးဆိုင်ရာ တင်းမာမှုများကို သတိထားကြရန် လိုအပ်ကြောင်း FAA က မေ ၁၆ ရက်၌ ထုတ်ပြန်ခဲ့သည့် သတိပေးချက်ကို ကူဝိတ် နှင့် ယူအေအီးရှိ အမေရိကန်သံတမန်များ က မေ ၁၈ ရက်တွင် ထပ်ဆင့်သတိပေးခဲ့ခြင်း ဖြစ်သည်။
လွဲမှားတွက်ချက်မှု သို့မဟုတ် လွဲမှားသတ်မှတ်မှုစသည့် အလားအလာများကြောင့် အမေရိကန်အရပ်ဘက် လေကြောင်းလိုင်းများအတွက် အန္တရာယ်မြင့်တက်လာနေကြောင်း FAA ၏ သတိပေးချက်တွင် ဖော်ပြ ထားသည်။ ထို့ပြင် လေယာဉ်များသည် ၎င်း၏ ပျံသန်းမှုကိရိယာများတွင် ကြားဖြတ် စွက်ဖက်မှုနှင့် သတိပေးချက်မရှိဘဲ ဆက်သွယ်ရေးဆိုင်ရာ အနှောင့်အယှက်ဖြစ်မှုတို့ ကိုကြုံရနိုင်ကြောင်းလည်း ဖော်ပြခဲ့သည်။
ပါရှန်ပင်လယ်ကွေ့သည် လေကြောင်းကဏ္ဍတွင် အရှေ့-အနောက် သွားလာမှုအတွက် အဓိကလမ်းကြောင်းတစ်ခု ဖြစ်လာနေသည်။ ယူအေအီးရှိ ဒူဘိုင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ကမ္ဘာတွင် အပြည်ပြည်ဆိုင်ရာ ခရီးသွားလာမှုအတွက် အစည်ကားဆုံးလေဆိပ်ဖြစ်ပြီး ခရီးရှည်ပျံသန်းသော Ethihad နှင့် Qater Airways တို့ကလည်း ထိုလေဆိပ်တွင် လည်ပတ်နေသည်။
လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်က အီရန်-အီရတ်စစ်ပွဲကာလအတွင်း အမေရိကန် နှင့် အီရန် တပ်ဖွဲ့ဝင်များက ပင်လယ်ကွေ့တွင် တစ်ရက်ကြာ ရေကြောင်းတိုက်ပွဲ Operation Praying Mantis ဖြစ်ပွားခဲ့မှုကို ယခု သတိပေးချက်က အခြေပြုထားဖွယ်ရှိသည်။ ၁၉၈၈ ခုနှစ် ဇူလိုင် ၃ ရက်တွင် အီရန် ရေပိုင်နက်ထဲ၌ အမေရိကန်ရဟတ်ယာဉ် တစ်စင်းအား ပစ်ခတ်ခဲ့သည်ဟု ယူဆရသော အီရန် အမြန်ရေယာဉ်များကို အမေရိကန် စစ် သင်္ဘော USS Vincennes က နောက်မှ လိုက်စဉ် အီရန်လေယာဉ် F-14 ကို ဒူဘိုင်း သို့ ဦးတည်နေသည့် Iran Air နှင့် မှားယွင်း ပစ်ခတ်မိခဲ့သည်။ Vincennes က ထို လေယာဉ်အား ဒုံးနှစ်စင်း ပစ်လွှတ်ခဲ့ရာလေယာဉ် ပေါ်ပါလာသူအားလုံး သေဆုံးခဲ့ရသည်။
အီရန်၏ ခိုင်မာသော ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန် ပင်တဂွန်က အရှေ့အလယ်ပိုင်းသို့ စေလွှတ်ခဲ့သော လေယာဉ်တင် သင်္ဘော USS Abraham Lincoln တိုက်ခိုက်ရေးရေယာဉ်စုနှင့် ဗုံးကြဲလေယာဉ်များ သည် လတ်တလောတွင် ဟော်မုဇ်ရေလက်ကြားသို့ မရောက်သေးပေ။ ပါရှန်ပင်လယ်ကွေ့အဝတွင်ရှိသော ကျဉ်းမြောင်းသည့် ထိုရေလက်ကြားသည် ကမ္ဘာ့ရေနံကုန်သွယ်မှု သုံးပုံတစ်ပုံက ရေလမ်းမှ ဖြတ်သန်းနေသည့် အဓိကလမ်းကြောင်းတစ်ခုဖြစ်သည်။
မည်သည့်လက်နက်ကိုင် ပဋိပက္ခမဆို ကမ္ဘာ့စွမ်းအင်စျေးကွက်ကို သက်ရောက်စေမည်ဖြစ်ကြောင်း အီရန် တော်လှန်ရေး အစောင့်တပ် ဒုတိယခေါင်းဆောင်က သတိပေးခဲ့သည်။ အီရန်သည် စစ်ဖြစ်ပါက ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်နိုင်ကြောင်း အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
