နယူးယောက်မြို့တော်ဝန် ဘီလ်ဒီဘလာစီယိုသည် ဒီမိုကရက်အမြောက်အမြား ရှိနှင့်ပြီးဖြစ်သော အမေရိကန်သမ္မတဖြစ်ခွင့် ရရေးပြိုင်ပွဲထဲသို့ မေ ၁၆ ရက်က ဝင်ရောက်လာသည်။ ဘလာစီယိုသည် လိုလားမှုမရှိသည့် မီဒီယာများ၊ စိတ်ပျက်အားလျော့ဖွယ် လူထုသဘောထားစစ်တမ်းများကို ဘေးဖယ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် ‘လူလိမ်သရုပ်ဆောင်’ ဒေါ်နယ်ထရန့်အား ရာထူးမှဖယ်ရှားရန် ဒီမိုကရက်တို့၏ အကောင်းဆုံး အခွင့်အရေးအဖြစ် မိမိကိုယ်ကိုယ်ဖော်ညွှန်းခဲ့သည်။
ထရန့်ကို ရင်ဆိုင်မည့် ဒီမိုကရက်တစ် ကိုယ်စားပြု သမ္မတလောင်းဖြစ်ရန် မျှော်မှန်းနေသော၂၃ ဦးမြောက် ပုဂ္ဂိုလ်ဖြစ်လာသည့် ဒီဘလာစီယိုသည် ရီပတ်ဘလီကင်သမ္မတအား တိုက်ခိုက်ခြင်းဖြင့် အစပြုခဲ့သည်။ အမေရိကန်များဘက်မှ ရှိနေမည်ဟု ပြောခဲ့သည့် ထရန့်အား လူလိမ်ဟုလည်း ၎င်းက ခေါ်ဆိုခဲ့သည်။
အမေရိကန်ရွေးကောက်ပွဲသို့ ဝင်မည့်အကြောင်း ကြေညာသည့် ဒီဘလာစီယို၏ ဗီဒီယိုထဲတွင် “ဒေါ်နယ်ထရန့်ကို တားမှဖြစ်မယ်။ သူ့ကို ဘယ်လိုကိုင်ရမလဲဆိုတာ ကျွန်တော်သိတယ်” ဟု ပြောကြားခဲ့သည်။
“သူဟာ လူလိမ်ပါ။ ကျွန်တော်တို့ နယူးယောက်သားတွေဟာ လူလိမ်ကိုတွေ့တာနဲ့ လူလိမ်မှန်း သိကြပါတယ်” ဟု ဒီဘလာစီယိုသည် သတင်းစာရှင်းလင်းပွဲတစ်ခု၌လည်း ထပ်မံထိုးနှက် ပြောကြားခဲ့သည်။
“အလုပ်သမားလူတန်းစားကို ပထမနေရာမှာ ထားပြီး မဲဆွယ်မှာပါ” ဟု ၎င်းက ပြောကြားရင်း အမေရိကန်၏ လူဦးရေ အထူထပ်ဆုံးနှင့် လူမျိုးကွဲပြားခြားနားမှု အများဆုံးမြို့ဖြစ်သည့် နယူးယောက်မှ ၎င်း၏ မှတ်တမ်းများအား ထင်ရှားစေခဲ့သည်။
ထရန့်ကမူ ဒီဘလာစီယို အနိုင်ရမှုသည် မည်သည့်အခါမှ ဖြစ်လာမည်မဟုတ်ဟု ပြောကြားရင်း တုံ့ပြန်ထားသည့် ဗီဒီယိုတစ်ခုကို Twitter ပေါ်တွင် တင်ခဲ့သည်။
“ကံကောင်းပါစေလို့ ကျုပ်ဆုတောင်းပေးပါတယ်။ ဒါပေမဲ့ ခင်ဗျားအနေနဲ့ ကျန်တဲ့အချိန် နည်းနည်းလေးမှာ နယူးယောက်ကို ပြန်ပြီး ကိုယ့်အလုပ်ကိုယ်လုပ်တာ ပိုကောင်းလိမ့်မယ်” ဟု Air Force One လေယာဉ်ပေါ်၌ ရိုက်ကူးခဲ့ခြင်းဖြစ်ဟန်ရှိသည့် ထိုဗီဒီယိုတွင် ထရန့်က ပြောခဲ့သည်။
မွေးရပ်မြေ နယူးယောက်အား လပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ပြန်မည့်ထရန့်သည် အဆိုပါနေ့ အစောပိုင်းကလည်း ဒီဘလာစီယိုအား “အမေရိကန်၏ အဆိုးရွားဆုံး မြို့တော်ဝန်” ဟု ခေါ်ဆိုရင်း တိုက်ရိုက်ထိုးနှက်ခဲ့သေးသည်။ “သူဟာ ဟာသတစ်ခုပါ။ ခင်ဗျားတို့အနေနဲ့ အခွန်ကြီးမြင့်တာတွေ၊ ရာဇဝတ်မှုတွေကို နှစ်သက်မယ်ဆိုရင်တော့ သူ့ကို ရွေးရမှာဖြစ်ပါတယ်။ နယူးယောက်ဟာ သူ့ကို မုန်းနေတာပါ” ဟု ထရန့် က Twitter ပေါ်တွင် ရေးခဲ့သည်။
ဒီဘလာစီယိုသည် သမ္မတရွေးကောက်ပွဲဝင်ရန် ချင့်ချိန်နေသည်မှာ လနှင့်ချီရှိပြီ ဖြစ်သည်။ သို့သော် ၎င်း၏ မဲဆွယ်စည်းရုံးမှုသည် လှောင်ပြောင်သရော်မှုများနှင့် ကြုံနေရသည်။ လက်ရှိ လူထုသဘောထား စစ်တမ်းများအရ ဂျိုးဘိုင်ဒင်သည် ဒီမိုကရတ် တစ်ကိုယ်စားလှယ်လောင်း ဖြစ်လာရန် ဦးဆောင်နေပြီး ၎င်း၏နောက်တွင် ဘာနေးဆန်းဒါးရှိနေသည်။ ဒီဘလာစီယိုအတွက် စစ်တမ်းမှာမူ ဒေသထဲမှာပင် မျက်နှာငယ်စရာ ဖြစ်နေသည်။ နယူးယောက်ထဲမှ လူ ၇၆ ရာခိုင်နှုန်းက ၂၀၂၀ ရွေးကောက်ပွဲတွင် ဒီဘလာစီယို ဝင်မပြိုင်သင့်ဟု ပြောခဲ့သည်ဟု ပြီးခဲ့သည့်လက Quinnipiac တက္ကသိုလ်၏ စစ်တမ်းက ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
