တောင်ကိုရီးယား ဒုတိယတရားရေး ဝန်ကြီးဟောင်းတစ်ဦးသည် ဆောက်လုပ်ရေး ကန်ထရိုက်သမားများက ပြည့်တန်ဆာစီစဉ်ပေးခြင်းကို လက်ခံခဲ့မှုအပါအဝင် အဂတိလိုက်စားမှုစွဲချက်များဖြင့် မေ ၁၆ ရက်နှောင်းပိုင်းတွင် ဖမ်းဆီးခံခဲ့ရသည်။
အစိုးရရှေ့နေဟောင်းတစ်ဦးဖြစ်သူ ကင်ဟာကီသည် သမ္မတဟောင်းပက်ကွမ်ဟီး လက်ထက်၂၀၁၃ ခုနှစ်၌ ဒုတိယ တရားရေးဝန်ကြီးတာဝန်ကို ကာလတိုထမ်းဆောင်ခဲ့သည်။ ကင်သည် လုပ်ငန်းရှင် ယွန်ဂျောင်ချွန်ထံမှ လာဘ်ငွေ သန်း ၁၃၀ ဝမ် (ဒေါ်လာ ၁၁၀၀၀၀)ကို လက်ခံခဲ့ပြီး အခမ်းအနားပေါင်း ၁၀၀ ကျော်၌ လိင်ဖျော်ဖြေမှုကို လက်ခံရယူခဲ့ကြောင်း စွပ်စွဲခံထားရသည်။
ကင်သည် နိုင်ငံတွင်းမှ ထွက်ပြေးနိုင်ဖွယ်ရှိခြင်းနှင့် သက်သေအထောက်အထားကို ဖျောက်ဖျက်နိုင်ခြင်းတို့ကြောင့် ဆိုးလ်ဗဟိုခရိုင်တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် မေ ၁၆ ရက် နှောင်းပိုင်းတွင် ၎င်းအား ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဟွန်ဟပ်သတင်းအေဂျင်စီတွင် ဖော်ပြခဲ့သည်။ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ ကျုးလွန်စော်ကားမှု စွပ်စွဲချက်များကြောင့် ကင်နှင့်သက်ဆိုင်သော မကောင်းသတင်းများသည် တောင်ကိုရီးယားတွင် နာမည်ဆိုးဖြင့် ကျော်ကြားသည်။
ကင်သည် အခြားလုပ်ငန်းရှင်တစ်ဦးထံမှ လာဘ်ငွေဝမ်သန်း ၄၀ လက်ခံရယူခဲ့ကြောင်းလည်း စွပ်စွဲခံထားရသည်။ ကင်ကို ၂၀၁၃ ခုနှစ် မတ်လတွင် ပက်ကွမ်ဟီးက ဒုတိယတရားရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သော်လည်း အငြင်းပွားမှုများ ထွက်ပေါ်လာခဲ့ခြင်းကြောင့် သီတင်းပတ်တစ်ပတ် အကြာတွင် ကင်သည် ရာထူးမှ နုတ်ထွက်သွားခဲ့သည်။ ကင်သည် မုဒိမ်းမှုနှင့် အဂတိလိုက်စားမှု စွဲချက်များဖြင့် စုံစမ်းစစ်ဆေးမှု ခံခဲ့ရသော်လည်း သက်သေမခိုင်လုံခြင်းကြောင့် စွဲချက်ကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဘန်ကောက်သို့ ထွက်ခွာရန် ကြိုးပမ်းနေသောကင်ကို မတ်လတွင် အင်ချွန်းလေဆိပ်၌ ဟန့်တားခဲ့ကာ ယခုနှစ်အစောပိုင်းတွင် ၎င်းအား အစိုးရရှေ့နေများက စစ်ဆေးမေးမြန်းမှု ထပ်မံလုပ်ဆောင်ခဲ့သည်။ ဘန်ကောက်သို့ ထွက်ခွာရန်ကြိုးပမ်းစဉ်တွင် ကင်သည် ၎င်း၏မျက်နှာကို နှာခေါင်းစည်းဖြင့် ကွယ်ထားခြင်းကြောင့် နိုင်ငံတွင်းမှ ထွက်ပြေးရန် ကြံစည်နေသည်ဟူသော သံသယကို တိုးပွားလာစေခဲ့သည်။ ကင်ကမူ ၎င်းအားစွဲဆို ထားသည့် စွဲချက်အားလုံးကို ငြင်းဆိုထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
