ရေဘေးသင့်ပြည်သူများကို လှူဒါန်းရန် ခြိမ့်ကေကို (banana)က ၎င်းကိုယ်တိုင်ရေးစပ်ထားသည့် “ရိုးသားကြိုးစား” သီချင်းအား လေလံတင်ရောင်းချခဲ့ရာ စက်တင်ဘာ (၂၁) ရက်တွင် ကျပ်(၁၇)သိန်းခွဲဖြင့် လေလံအောင် ရောင်းချနိုင်ခဲ့ကြောင်း သူ၏လူမှုကွန်ရက်စာမျက်နှာမှတဆင့် အသိပေးထားသည်။
သူ၏ သီချင်းအား ဝယ်ယူသူများမှာ အမေရိကန်နိုင်ငံတွင်ရောက်ရှိနေသော သူ၏ ပရိတ်များထဲမှဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
“ကျွန်တော်ကိုယ်တိုင်ရေးထားတဲ့ “ရိုးသားစွာကြိုးစား” သီချင်းအရောင်းတည့်ပါပြီ။ ကျွန်တော်ကိုယ်တိုင်ရေးထားတဲ့ “ရိုးသားစွာ ကြိုးစား” သီချင်းလေးကို ကူညီပေးကာ ရေ ဘေးအတွက် ပါ၀င်အားဖြည့် လှူဒါန်းပေးတဲ့ US မှ ကိုဖြိုး ၊ ကိုထွဋ်၊ မလေးမြင့်၊ မယူခိုင် စေတနာရှင်သူငယ်ချင်းများ အားလုံး အထူးကျေးဇူးပါ”ဟု ခြိမ့်ကေကိုက အသိပေးမျှဝေထားသည်။
စက်တင်ဘာလ (၁၅) ရက်မှစ၍ ရေဘေးသင့်ပြည်သူများကို လှူဒါန်းရန် ရည်ရွယ်ချက်ဖြင့် သူကိုယ်တိုင် ခံစားရေးဖွဲ့ထားသည့် “ရိုးသားကြိုးစား” သီချင်းကို ကြမ်းခင်းဈေး ကျပ် (၁၅) သိန်းသတ်မှတ်ပြီး လူမှုကွန်ရက်စာမျက်နှာမှ လေလံတင်ရောင်းချခဲ့ခြင်းဖြစ်သည်။
ခြိမ့်ကေကိုသည် Myanmar idol ပြိုင်ပွဲတစ်ခုအတွင်း မြန်မာပြည်သိန်းတန်၏ ငှက်ပျောသီးကျွေးမှုနှင့်အတူ “Social media” ပေါ်၌ လူသိများလာသည့် Cele တစ်ဦးလည်း ဖြစ်သည်။
ဓာတ်ပုံ- ခြိမ့်ကေကို
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
