မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၊ ငှက်ပစ်တောင်ရပ်၊ ငှက်ကြီးခေါင်းချ ကျောင်းတိုက်အတွင်း နှစ်ပေါင်းသက်တမ်း (၁၀၀) ကျော်ရှိ (၂) ထပ် ကျောင်းဆောင်တစ်ဆောင်လုံး မီးလောင်ကျွမ်းဆုံးရှုံးခဲ့ရကြောင်း ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့မှ သိရသည်။
ယမန်နေ့ စက်တင်ဘာ (၂၁)ရက်၊ ည (၈)နာရီ၊ (၁၂)မိနစ်အချိန်ခန့် ညောင်ဦးမြို့၊ အမှတ် (၃) ရပ်ကွက်၊ ငှက်ပစ်တောင်ရပ်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ညောင်ဦးခရိုင် မီးသတ်တပ်ဖွဲ့ဝင် (၁၅) ဦး၊ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ် (၂)စီး၊ အုပ်ချုပ်မှုယာဥ (၁)စီး၊ ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့ဝင် (၁၈)ဦး၊ မီးငြှိမ်းသတ်ယာဉ် (၄)စီး၊ ရေသယ်ယာဉ် (၂)စီး၊ အမှတ် (၅) အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဂရုဏာရှင်အသင်းမှ ရေသယ်ယာဉ် (၂) စီး၊ မြင့်မြတ်သူသွေးလှူရှင်အသင်းမှ ရေသယ်ယာဉ် (၁) စီး၊ ဖောင်ဖွဲ့ရေးရုံးမှ ရေသယ်ယာဉ် (၁) စီး၊ အခြားအရပ်ဘက်ရေသယ်ယာဉ် (၄)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ရပ်ရောက်ရှိချိန်တွင် ငှက်ပစ်တောင်ရပ် ငှက်ကြီးခေါင်းချ ကျောင်းတိုက်အတွင်းရှိ ပေ (၈၀)၊ ပေ (၆၀) သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း (၂) ထပ် ကျောင်းဆောင်တစ်ဆောင်လုံး မီးလောင်ကျွမ်းလျက်ရှိရာ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ပြီး ည (၈)နာရီ၊ (၂၆)မိနစ်အချိန်ခန့် မီးလောင်ကျွမ်းမှာ ပြင်းထန်၍ ဆက်လက် ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
“သတင်းရလျှင်ရချင်း တန်းထွက် ၃ မိနစ်အတွင်းေ ရာက်ရှိငြှိမ်းသတ်ခဲ့သော်လည်း နှစ်သက်တမ်း ၁၀၀ ကျော်ရှိ ရေနံဝနေသော သစ်သားကျောင်းဆောင်ကြီးဖြစ်၍ မီးကူးစက်မှုနှုန်း မြန်ဆန်လွန်းခဲ့သဖြင့် မိမိတို့ စတင်ရောက်ရှိချိန်တွင်ပင် ကျောင်းဆောင်တစ်ဆောင်လုံး လောင်ကျွမ်းနေပြီဖြစ်တယ်။”ဟု ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့မှ ဆိုထားသည်။
ထိုသို့ ဆက်လက်၍ ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ ည (၈)နာရီ (၂၉)မိနစ်ချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် (၂) ထပ်ကျောင်းဆောင်တစ်ဆောင်လုံး မီးလောင်ကျွမ်းဆုံးရှုံးခဲ့ပြီး လူ/တိရိစ္ဆာန်ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
