ရေဘေးသင့် ပြည်သူများကို သွားရောက်လှူဒါန်းရန် အကယ်ဒမီ ဒွေး ဝတ်ဆင်ခဲ့သည့် အင်္ကျီအား သရုပ်ဆောင် ဇွဲနိုင်ဝင်းမှ လေလံတင် ရောင်းချခဲ့ရာ ငွေကျပ် (၃၂)သိန်းဖြင့် အဆိုတော် သရုပ်ဆောင် လွှမ်းပိုင်မှ လေလံရရှိခဲ့ကြောင်း သိရသည်။
စက်တင်ဘာ (၂၁)ရက်၊ ည(၉)နာရီမှ စတင်၍ ကြမ်းခင်းဈေး ကျပ် (၂)သိန်းဖြင့် လေလံတင်ခဲ့ခြင်းဖြစ်ရာ ယနေ့ စက်တင်ဘာ (၂၂)ရက်၊ နေ့လယ် (၁၂)နာရီတွင် ငွေကျပ် (၃၂) သိန်းဖြင့် အဆိုတော် သရုပ်ဆောင် လွှမ်းပိုင်မှ လေလံရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လေလံကို ဦးစွာ အဆိုတော် သရုပ်ဆောင် လွှမ်းပိုင်မှ ငွေကျပ် (၈)သိန်းဖြင့် လေလံဝင်ပေးခဲ့ပြီး ယနေ့ စက်တင်ဘာ (၂၂)ရက်တွင် လွှမ်းပိုင်မှပင် ကျပ် (၃၂)သိန်းဖြင့် လေလံအောင်မြင်ခဲ့ကြောင်း သိရသည်။
လေလံအောင်မြင်သူမှ ယနေ့ စက်တင်ဘာ နေ့လယ် (၁) နာ ရီ မှာနောက်ဆုံးထား၍ ငွေလွှဲပေးရမည်ဖြစ်ပြီး ရေဘေးသင့်ပြည်သူများအတွက် သွားရောက်လှူဒါန်းမည်ဖြစ်ကြောင်း သရုပ်ဆောင် ဇွဲနိုင်ဝင်းက ဆိုသည်။
အဆိုပါ အင်္ကျီမှာ City FM နှစ်ပတ်လည် ဆုပေးပွဲတွင်အကယ်ဒမီ ဒွေး သီချင်းသီဆိုရာ၌ ဝတ်ဆင်ခဲ့သည့် အင်္ကျီဖြစ်ကြောင်း သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
