KNU ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေအတွင်းရှိ မြို့နယ်(၃)ခုမှ ကျေးရွာ(၃၀၀) ခန့်အတွင်းရေဝင်ရောက်မှုကြောင့် လူဦးရေ(၁) သိန်းခွဲကျော်ရေဘေးသင့်နေသည်ဟု KNU-ဗဟိုမှ ယနေ့ စက်တင်ဘာ ၂၂ ရက်ကထုတ်ပြန်ခဲ့သည်။
KNU အုပ်ချုပ်နယ်မြေအတွင်း စက်တင်ဘာ ၁၀ ရက်မှစတင်၍ လက်ရှိအချိန်အထိ မိုးသည်းထန်စွာရွာသွန်းလျက်ရှိ၍ လယ်ဒို၊ မူးနှင့် ဆောထိမြို့နယ်တို့အတွင်းရှိ ကျေးရွာပေါင်း(၂၈၉)ရွာမှ အိမ်ထောင်စု(၃၂၂၄၆)စုရှိ ဒေသခံလူဦးရေ (၁၆၈၄၂၇)ဦးမှာ ရေဘေးအန္တရာယ်နှင့်ကြုံတွေ့နေရကြောင်း သိရသည်။
ထိုသို့ ကြုံတွေ့နေရသဖြင့် ရေဘေးသင့်ဒေသခံများမှာ နေထိုင်မှုနှင့် စားဝတ်နေရေးအခက်အခဲများဖြစ်ပေါ်နေ၍ ကရင်အရေးပေါ်ကူညီကယ် ဆယ်ရေးကော်မတီနှင့်အဖွဲ့ဝင်များက ရေဘေးသင့်သူများအား အမြင့်ပိုင်းနေရာများသို့ပို့ ဆောင်ခြင်း၊အရေးပေါ်အကူအညီများထောက်ပံပေးခြင်းများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီမှ ကူညီထောက်ပံ့မှုများပြုလုပ်လျက်ရှိသော်လည်း လုံလောက်မှုမရှိသဖြင့် အရေးပေါ်အကူ အညီများ၊ ဆေးဝါးများလိုအပ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ရေကြီးရေလျှံမှုကြောင့် စပါးစိုက်ခင်းများပျက်စီးမှုဖြစ်ပေါ်ခြင်း၊ ကျန်ရှိသည့် စပါးစိုက်ခင်းများတွင် ပိုးကျခြင်းများလည်း ဖြစ်ပေါ်လျက်ရှိကြောင်း KNU-ဗဟို၏ထုတ်ပြန်ချက်အရ သိရသည်။
Photo – KNU-ဗဟို



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
