ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့၊ မိုင်းယွန်းကျေးရွာအုပ်စုအတွင်းရှိ ပိန်းခမ်းကျေးရွာ၌ ရေကြီးရေလျှံမှုများကြောင့် တစ်ရွာလုံးရေနစ်မြှုပ်ခဲ့ကာ ပြန်လည်ထူထောင်ရေးအတွက်အရေးပေါ်အကူအညီများလိုအပ်လျှက်ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ ကျေးရွာသည် ယခုလ စက်တင်ဘာလ(၁၀)ရက်နေ့ကစ၍ နမ့်ခုတ်ချောင်းရေ မြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရခြင်းဖြစ်ပြီး၊ ယင်းရွာအတွင်းရှိ အိမ်ခြေ(၈၀)ကျော် ရေနစ်မြှုပ်ခဲ့ရကြောင်း ဆိုသည်။
“မိုင်းဆတ်မြို့နယ်ထဲက ပိန်းခမ်းကျေးရွာ တစ်ရွာလုံး (၁၀)ရက်နေ့ကစပြီး အိမ်ခြေ (၈၅ )အိမ်လုံး ရေထဲနစ်မြုပ်သွားတာ။ အကူအညီအများကြီး လိုအပ်နေပါတယ်။ ရေပြန်ကျသွားပြီဆိုပေမယ့် ပျက်ဆီးခဲ့တဲ့အခြေအနေတွေကြောင့် အကူအညီလိုနေပါတယ်”ဟု မိုင်းဆတ်မြို့ ဒေသခံတစ်ဦးက ပြောသည်။
ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည့် ကာလ၌ ဒေသတွင်း အင်တာနက်နှင့် ဖုန်းဆက်သွယ်ရေးလိုင်းများ ပြတ်တောက်ခဲ့ရသည့်အတွက် မိုင်းဆတ်မြို့နယ်အတွင်းရှိကျေးရွာများရေကြီးရေလျှံမှု ကြုံခဲ့ရသည့် အခြေအနေများကို ရပ်ဝေးနေသူများ မသိခဲ့ရခြင်းဖြစ်သည်။
တစ်ရွာလုံးရှိ လူနေအိမ်များ ရေနစ်မြုပ်ခဲ့သည့် ပိန်းခမ်းရွာသည် မိုင်းဆတ်မြို့တွင်းနှင့် ဝေးကွာပြီး နမ့်ခုတ်ချောင်းရေ လျှံလာမှုကြောင့် ရေဘေးသင့်ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေကြီးရေလျှံမှုဖြစ်စဉ်အတွင်း မိုင်းဆတ်-တာချီလိတ်သွားလမ်းပိုင်းရှိ ဆိုက်ခေါင်တံတားမှာလည်း စက်တင်ဘာ (၁၀)ရက်နေ့ ညနေပိုင်းအချိန်က တောင်ကျချောင်းရေကြောင့် ကျိုးကျပျက်စီးခဲ့ရပြီး၊ ဒေသတွင်းလမ်းပန်း ဆက်သွယ်ရေးများ ပြတ်တောက်ခဲ့ရသေးသည်။
ဓာတ်ပုံ-CJ







-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
