တိုင်ဖွန်းမုန်တိုင်း ယာဂီနှင့် ဆက်စပ်၍ ရေဘေးသင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးရှိ အလှူရှင်များ၏ အလှူငွေ ပေးအပ်ပွဲကို စက်တင်ဘာ (၂၁)ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပခဲ့ရာ
ရာ ပစ္စည်းနှင့် အလှူငွေ စုစုပေါင်း ကျပ်သန်း (၈၀၀) ကျော်ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
အဆိုပါ အလှူငွေ ပေးအပ်ပွဲ အခမ်းအနားတွင် ပစ္စည်းတန်ဖိုးငွေ ကျပ် ၈၄၄၇၆၂၇၆ ကျပ်၊ ငွေသားတန်ဖိုးငွေ ကျပ် ၇၂၂၉၇၂၄ဝဝ စုစုပေါင်း ငွေကျပ် ၈၀၇၄၄၈၆၇၆ ကျပ်တိတိ ရရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကား ပြောကြားခဲ့သည်။
အလှူရှင်ပြည်သူများ၏ လှူဒါန်းငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးတို့က တိုင်းဒေသကြီး ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ကုမ္ပဏီများ၊ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်များထံမှ လက်ခံရယူပေးကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန် ယာဂီ လေပွေလှိုင်းအရှိန်ကြောင့် နိုင်ငံတဝှမ်း စက်တင်ဘာ(၁၀)ရက်မှ စတင်၍ ရေကြီး ရေလျှံမှုများနှင့် ဆိုးရွားစွာ ရင်ဆိုင်ခဲ့ရပြီး စက်တင်ဘာ (၂၁) ရက် နံနက်ပိုင်းအထိ ကောက်ယူရရှိစာရင်းများအရ လူဦးရေ (၁၄၈၆၄၃) ဦး ရေဘေးသင့်ခဲ့ကာ (၃၈၄) ဦး အသက်ဆုံးရှုံးခဲ့ရပြီး ပျောက်ဆုံးသူ (၈၉)ဦးအထိရှိကြောင်းနှင့် ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး အကူညီ အထောက်ပံ့များစွာ လိုအပ်နေကြောင်း သိရသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
