ညောင်ရွှေ အင်းလေးဒေသရှိ ရေဘေးသင့်ကျေးရွာများအနက် ကျေးရွာ(၄)ရွာဖြစ်သည့် နမ့်ဟူးရွာ၊ တောင်ပို့နီရွာ၊ စန့်ခမ်းရွာ၊ ကျိုင်းခမ်းမြောက်ရွာ ဒေသခံ ရေဘေးသင့်ပြည်သူများထံသို့ ဝေဠုဝန်ဆရာတော်ဦးဆောင်သည့် အဖွဲ့များက ယမန်နေ့ စက်တင်ဘာ (၂၁)ရက်၌ စားနပ်ရိက္ခာများ သွားရောက်ကူညီထောက်ပံ့လျက်ရှိကြောင်း သိရသည်။
ထို့အတူ ယနေ့ စက်တင်ဘာ (၂၂)ရက်တွင်လည်း ပုံးအင်းဒေသ ရေဘေးသင့်ပြည်သူများအား ထပ်မံ၍ သွားရောက်ထောက်ပံ့ကူညီခဲ့ကြောင်း သိရသည်။
ထောက်ပံ့ကူညီရာ၌ တစ်အိမ်ထောင်စုလျှင် စားနပ်ရိက္ခာအပြင် အခြားအသုံးအဆောင်ပစ္စည်း (၁၇) မျိုးပါရှိသည့် အိတ် (၃၁၇)အိတ် အား ထောက်ပံ့ကူညီပေးခဲ့ကြောင်း သိရသည်။
“အင်းလေဒေသက အခြားနေရာတွေလို ရေဝင်ပြီး ချက်ချင်းပြန်ကျတာမျိုးမဟုတ်ဘူး။ ဖြည်းဖြည်းချင်းကျတာ လနဲ့ချီတယ်။ ဒါကြောင့် ရေဘေးသင့်ပြည်သူတွေအတွက် ရှမ်းတောင်က ဝေဠုဝန်ကျောင်း ဆရာတော်ဦးဆောင်ပြီး ပူးပေါင်းလှူဒါန်းတာပါ။ လိုအပ်ချက်တွေကတော့ ရှိနေဆဲပါ”ဟု တောင်ကြီး လူမှုကူညီရေးအသင်းတာဝန်ခံ တစ်ဦးက ပြောသည်။
ယင်းသို့ ထောက်ပံ့လှူဒါန်းရာတွင် RCSS/SSA တောင်ကြီးဆက်ဆံရေးရုံး တာဝန်ခံနှင့်အဖွဲ့ဝင်များအပါအဝင် လွိုင်ကော် ဗုဗ္ဗာရုံကျောင်းဆရာတော်၊ ရှမ်းပြည်ဗုဒ္ဓတက္ကသိုလ်မှ သံဃာတော်များ၊ တောင်ကြီး သျှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ လွယ်လုံပရဟိတကျောင်းမှ အဖွဲ့ဝင်များ၊ တောင်ကြီးရှမ်းလူငယ်များနှင့်ဒေသခံလူမှုကူညီရေး အသင်းအဖွဲ့များပူးပေါင်းကာ သွားရောက်ကူညီထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။












-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
