ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုကြောင့် ကရင်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးနှင့်ပြည်လည်ထူထောင်ရေးတို့အတွက် စက်တင်ဘာ ၂၁ ရက်မွန်းလွဲ ၂ နာရီက အလှူငွေပေးအပ်ပွဲအခမ်းအနားအား ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ကျင်းပစဉ် အလှူငွေကျပ်သိန်း(၈)ထောင်ကျော်ရရှိခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးတက်ရောက်၍ စေတနာရှင်၊အလှူရှင်(၂၄၆)ဦး၏ အလှူငွေများကိုလက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
၎င်းက ကရင်ပြည်နယ်အတွင်း နှစ်ကြိမ်တိုင် စံချိန်တင်ရေကြီးရေလျှံမှုများနှင့်မြေပြိုမှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးမှုများမှုရှိခဲ့သဖြင့် ပြန်လည်ထူထောင်ရေးအပိုင်းကိုလုပ်ကိုင်နိုင်ရန် ဝိုင်းဝန်းပူးပေါင်းကူညီပေးကြခြင်းမှာ အလွန်မွန်မြတ်လှသည်ဟုလည်း ကျေးဇူးတင်ဇကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။
အလှူငွေပေးအပ်ပွဲတွင် ရေဘေးသင့်ပြည်သူများအတွက် ပြည်နယ်ဝန်ကြီးချုပ်မိသားစု၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် မိသားစုများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းမိသားစုများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်တစ်ဦးချင်း၊ အစုအဖွဲ့လိုက်တို့မှ လှူဒါန်းခဲ့သည်ဟု သိရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
