ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဗုဒ္ဓဂါယာလမ်း၊ မိုင်တိုင်အမှတ် (၃/၇)၊ သပြေစမ်းကျေးရွာအနီး၌ ဆီဘောက်ဆာ ယာဉ် (၁)စီး တိမ်းမှောက်မှုဖြစ်ပွားပြီး ချောက်ထဲထိုးကျရာ ယာဉ်မောင်း အမျိုးသား အသက်ဆုံးရှုံးခဲ့ရကြောင်း ပုဗ္ဗသီရိမြို့နယ်မီးသတ်စခန်းမှ သိရသည်။
ယနေ့ စက်တင်ဘာ (၂၂)ရက်၊ ညနေ (၄)နာရီအချိန်ခန့်က ၎င်းနေရာတွင် ဆီဘောက်ဆာ ယာဉ် (၁)စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ပုဗ္ဗသီရိမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း အမျိုးသား (၁) ဦး အသက်ဆုံးရှုံးခဲ့ရပြီး ယာဉ်နောက်လိုက် အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် သဗသုခပရဟိတအသင်းယာဉ်ဖြင့် နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ယနေ့ စက်တင်ဘာ (၂၂)ရက်၊ နံနက် (၁၀)နာရီ (၂၇)မိနစ် အချိန်ခန့်ကလည်း ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၇၉/၃)နှင့် (၇၉/၄)ကြားတွင် ဆီဘောက်ဆာယာဉ်မှ မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ ရပ်ထားသော ၂၂ ဘီး ယာဉ်အား ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ရာ ဆီဘောက်ဆာ ယာဉ်မောင်း ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
