မြန်မာ့ရေဘေး ခံစားရသူ ရှစ်သိန်းရှစ်သောင်းကျော်ရှိလာပြီး သေဆုံးသူ ၃၀၀ ကျော်ရှိကာ ထိခိုက်ဒဏ်ရာရရှိမှုများလည်းရှိဟု UNOCHA Myanmar ကထုတ်ပြန်သည်။
မြန်မာနိုင်ငံတွင် ရေကြီးရေလျှံမှုများဖြစ်ပွားအပြီး ဆယ်ရက်အကြာတွင် ကောက်ယူရရှိထားသည့် စာရင်းဖြစ်ပြီး ပဲခူး၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ နေပြည်တော်၊ ရခိုင်၊ စစ်ကိုင်း၊ ရှမ်း အရှေ့ပိုင်းနှင့် တောင်ပိုင်း တိုင်းဒေသကြီး/ ပြည်နယ်များ ရှိ ၆၅ မြို့နယ်တွင် နေရပ်စွန့်ခွာသူများအပါအဝင် ခန့်မှန်းခြေ လူဦးရေ ၈၈၇၀၀၀ ခန့် ရေဘေးသင့်ခဲ့ကြောင်း UNOCHA Myanmar က ထုတ်ပြန်သည်။
သေဆုံးသူမှာ စက်တင်ဘာ ၂၀ ရက်အထိ ဦးရေ ၃၀၀ ကျော်ရှိပြီး၊ ထိခိုက်ဒဏ်ရာရဦးရေ ၁၀၀ ကျော် ရှိကြောင်း၊ ထိခိုက်မှုအကြီးမားဆုံးနေရာများတွင် နေအိမ်များ၊ အိမ်သုံးပစ္စည်းများ၊ ရေအရင်းမြစ်များနှင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီးမှုများပြားခဲ့သည်ဟု သိရသည်။
ထို့ပြင် လမ်းများ၊ တံတားများ၊ ဆက်သွယ်ရေး ကွန်ရက်များ၊ ကျောင်းများ၊ ပြည်သူ့ဝန်ဆောင်မှုအဆောက်အဦများ၊ ဘာသာရေး အဆောက်အဦများအပြင် ကောက်ပဲသီးနှံနှင့် လယ်မြေများလည်း ထိခိုက်မှုများပြားပြီး၊ အလုံးစုံပျက်စီးခြင်းများလည်း ရှိခဲ့သည်ဟု UNOCHA Myanmar က ဖော်ပြထားသည်။
ရန်ပုံငွေအနေဖြင့် ၂၀၂၄ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေး စီမံကိန်း လိုအပ်ချက်၏၂ ၇ ရာခိုင်းနှုန်းမျှသာ ရရှိထားသည့် ရန်ပုံငွေ မလုံလောက်မှုရှိရာမှ OCHA နှင့်အတူလူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးတို့သည် လက်ရှိဆောင်ရွက်နေသည့် ရေဘေးတုံ့ပြန်ရေး လုပ်ငန်းများကို လျင်မြန်စွာ တိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် ထပ်တိုးရန်ပုံငွေများရရှိရေးအတွက် အားစိုက် ကြိုးပမ်းလျက်ရှိကြောင်း၊ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန် စတင်နိုင်ရန်အတွက် အရေးပေါ်တုံ့ပြန်ရေး ဗဟိုရန်ပုံငွေ (CERF) မှ အမေရိကန်ဒေါ်လာ ၄ သန်း ခွဲဝေချထားပေးရန် ခွင့်ပြုပေးထားကြောင်း သိရသည်။
လတ်တလောတွင် ရေးဘေးသင့် မြို့နယ်များရှိရာ ရေဘေးဒဏ်ခံရသည့်ပြည်သူများကို အရေးပါသည့် အထောက်အပံ့များ ပေးအပ်နိုင်ရေးအတွက် ကနဦး တုံ့ပြန်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ယင်းဒေသခများတွင် သောက်ရေ၊ စားနပ်ရိက္ခာ၊ အခြေခံ ဆေးဝါး၊ အိမ်သုံး ပစ္စည်းများ၊ အဝတ်အထည်၊ အမိုးအကာ နှင့် အရေးပေါ် ကြိုတင်ပြင်ဆင်ရေးအတွက် အသက်ကယ် ပစ္စည်းများ အရေးတကြီး လိုအပ်လျက်ရှိကြောင်း၊ ရေဘေးသင့် ဒေသများရှိ ရေဘေးဒဏ်ခံရသူများ၏ လိုအပ်ချက်များကို ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန်အတွက် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများတွင် ရန်ပုံငွေနှင့် ရေဘေးသင့်ရာ ဒေသများသို့ အကန့်အသတ်မရှိဘဲ သွားလာခွင့်များ ရရှိရန် အရေးကြီးကြောင်း UNOCHA Myanmar ကထုတ်ပြန်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
