တီဟီရန်နှင့် ဘေရွတ်ကြားရှိ လေကြောင်းပျံသန်းမှုခရီးစဉ်များတွင် ပေဂျာနှင့် ဝေါ်ကီတော်ကီ စကားပြောစက်များ ယူဆောင်ခြင်းမပြုရန် ခရီးသည်များအား အီရန်လေကြောင်းလိုင်းက တောင်းဆိုထားကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံလိုင်း PressTV က ဖော်ပြခဲ့သည်။
အဆိုပါ ကိရိယာများကို လေကြောင်းဖြင့် ပို့ဆောင်ခြင်းမပြုရန် လက်ဘနွန်အာဏာပိုင်များက တားမြစ်လိုက်ပြီးနောက် ယင်းအစီအစဉ်ကို စတင်ခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာ ၁၇ နှင့် ၁၈ ရက်များတွင် လက်ဘနွန်နိုင်ငံ၌ တစ်ကိုယ်ရည်သုံး ဆက်သွယ်ရေးစက်ငယ်များ ပေါက်ကွဲခဲ့သည်။ ပထမနေ့တွင် နိုင်ငံအနှံ့အပြား၌ ပေဂျာအမြောက်အများ တစ်ပြိုင်နက်ပေါက်ကွဲလုနီးပါးဖြစ်ပွားခဲ့သည်။ ကျန်းမာရေး ဝန်ကြီးဌာန၏ အဆိုအရ အဆိုပါဖြစ်စဉ်တွင် ကလေ-း ၂ ဦး အပါအဝင် လူ ၁၂ ဦး ေ-သဆုံးခဲ့ပြီး ၂၈၀၀ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ နောက်တစ်နေ့တွင်၊ ရေဒီယိုများ၊ ဖုန်းများ၊ ဆိုလာပြားများနှင့် လစ်သီယမ်-အိုင်းယွန်းဘက်ထရီများ အသုံးပြုသည့် တစ်ကိုယ်ရည်သုံး ဆက်သွယ်ရေးကိရိယာငယ်များ လက်ဘနွန်နိုင်ငံ အနှံ့အပြားတွင် ပေါက်ကွဲခဲ့ပြန်သည်။ အဆိုပါဖြစ်ရပ်ကြောင့် လူ ၂၅ ဦး ေ-သဆုံးပြီး ၆၀၈ ဦး ဒဏ်ရာရရှိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
