ခြိမ့်ကေကို (banana)၏ “ရိုးသားကြိုးစား” သီချင်း လေလံတင် ရောင်းချရငွေမှ ရရှိသည့် ကျပ်(၁၇)သိန်းခွဲအား ရေဘေးသင့်ပြည်သူများကို လှူဒါန်းရန် ခိုင်နှင်းဝေဖောင်ဒေးရှင်းသို့ ယနေ့ စက်တင်ဘာ (၂၂)ရက်တွင် ၎င်း၏ မိခင်နှင့်အတူ သွားရောက်လှူဒါန်းခဲ့သည်ဟု သူ၏လူမှုကွန်ရက်စာမျက်နှာမှတဆင့် အသိပေးထား သည်။
” ကျွန်တော့်မွေးမိခင်ချစ်မေမေနှင့်အတူ ကျွန်တော်ကိုယ်တိုင်ရေးထားတဲ့ ရိုးသားစွာကြိုးစားသီချင်းလေးကိုပါဝင်အားဖြည့်ကာ ရေဘေးကူညီရေးအတွက်ပါဝင်လှူဒါန်းပေးတဲ့ usမှ ကိုဖြိုး ကိုထွဠ် မလေးမြင့် မယုခိုင် စေတနာရှင်များမှ ငွေ (၁၇)သိန်း(၅)သောင်းကျပ်ကို မမ Khine Hnin Wai Foundation သို့ ကျွန်တော်ချစ်မေမေနဲ့အတူ ကိုယ်တိုင်ကိုယ်ရောက်သွားရောက်လှူဒါန်းခဲ့ပါသည်”ဟု ရေးသားမျှဝေထားသည်။
ယခုလ စက်တင်ဘာလ (၁၅) ရက်နေ့မှစ၍ ရေဘေးသင့်ပြည်သူများကို လှူဒါန်းရန် ရည်ရွယ်ချက်ဖြင့် သူကိုယ်တိုင် ခံစားရေးဖွဲ့ထားသည့် “ရိုးသားကြိုးစား” သီချင်းကို ကြမ်းခင်းဈေး ကျပ် (၁၅) သိန်းသတ်မှတ်ပြီး လူမှုကွန်ရက်စာမျက်နှာမှတဆင့် လေလံတင်ရောင်းချခဲ့ခြင်းလည်းဖြစ်သည်။
ခြိမ့်ကေကိုသည် Myanmar idol ပြိုင်ပွဲတစ်ခုအတွင်း မြန်မာပြည်သိန်းတန်၏ ငှက်ပျောသီးကျွေးမှုနှင့်အတူ “Social media” ပေါ်၌ လူသိများလာသည့် Cele တစ်ဦးလည်းဖြစ်သည်။
ဓာတ်ပုံ- ခြိမ့်ကေကို
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
