ယနေ့ စက်တင်ဘာ (၂၂)ရက် မွန်းလွဲပိုင်းအချိန်တွင် ကျင်းပသည့် မြန်မာရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ ပွဲစဉ် (၉) တွင် ရွှေရာမာန် နှင့် အောင်ခိုင် တို့ ယှဉ်ပြိုင်ထိုးသ-တ်ခဲ့ရာ ပူးတွဲသရေ ရရှိခဲ့သည်။
၎င်းတို့နှစ်ဦး သည် ပွဲစဉ်၏ ဒုတိယ ခေါင်တွဲဆိုင်းတွင် (၈၀) ဝိတ်တန်း၌ (၅)ချီ ယှဉ်ပြိုင်ထိုးသ-တ်ခဲ့ကြခြင်းဖြစ်သည်။
ရိုးရာလက်ဝှေ့ ကျော် ရာမာန်သည် ပြီးခဲ့သည့် နှစ်အတွင်းက ကမ္ဘောဒီးယား ထိပ်တန်း လက်ဝှေ့ကျော် ပရွတ်ဆန်နန်အား ရှုံနိမ့်သွားချိန်မှစ၍ ရိုးရာလက်ဝှေ့လောကမှ ခတ္တ ပျောက်ကွယ်ပြီးနောက် ယနေ့ ကျင်းပသည့် မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲတွင် ပွဲဦးထွက် ပြန်လည် ယှဉ်ပြိုင်လာခဲ့ခြင်းလည်းဖြစ်သည်။
ယနေ့ယှဉ်ပြိုင်သည့် ပွဲစဉ်အတွင်း တွဲဆိုင်း (၆)ဆိုင်း ပါဝင်လာခဲ့ပြီး၊ ပထမတွဲဆိုင်းတွင် အောင်ထက်ကျော် နှင့် အောင်ကိုလတ် တို့က ပူးတွဲသရေ၊ ဒုတိယတွဲဆိုင်းတွင်ဆလိုင်းထန်ကွီးရှိန် နှင့် မောင်ဇော် တို့က ပူးတွဲသရေ၊ တတိယတွဲဆိုင်းတွင် စောဘဟိန်း နှင့် မြလုံးချော ပူးတွဲသရေ၊ စတုတ္ထတွဲဆိုင်းတွင် စူပါရေချမ်း နှင့် စိန်လုံးချော တို့က လည်း အသီး သီးပူးတွဲသရေများရှိခဲ့သည်။
အဆိုပါ ပွဲစဉ်အား မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်၏ စည်းမျည်းစည်းကမ်းအသစ် ပြဌန်းချက်မူအတိုင်း အလဲထိုး အနားတောင်းစနစ်များဖြင့် ရန်ကုန်မြို့ သိမ်ဖြူအားကစားခန်းမ၌ ယှဉ်ပြိုင်ကစားသွားကြခြင်းလည်းဖြစ်သည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
