ဂျပန်နိုင်ငံ အီရှီကာဝါ စီရင်စုနယ်တွင် မကြုံစဖူး မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် မကြုံစဖူး ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများဖြစ်ပွားနေသဖြင့် လူပေါင်းသောင်းချီကို ဘေးလွတ်ရာရွှေ့ပြောင်းရန် အာဏာပိုင်များက စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
အီရှီကာဝါစီရင်စုနယ်ရှိ ဒါဇင်နှင့်ချီသည့် မြစ်များသည် မြစ်ကမ်းပါးများကျိုးပေါက်ခဲ့ပြီး လူ သုံးဦးပျောက်ဆုံးနေကြောင်း NHK သတင်းဌာနက ဖော်ပြခဲ့သည်။
ဇွန်လအစောပိုင်းက အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့သည့် ဝါဂျိမမြို့တွင် လူတစ်ဦးပျောက်ဆုံးနေပြီး မြေပြိုမှုများကြောင့် လမ်းများပိတ်ဆို့မှုဖြစ်ပွားနေသည်ဟု ဒေသခံအရာရှိများက ပြောကြားခဲ့သည်။
ဝါဂျိမနှင့် ဆုဇုနှင့် နိုတိုမြို့များတွင် ဒေသခံ ၄၄၇၀၀ ခန့်ကို ဘေးလွတ်ရာရွှေ့ပြောင်းရန် အာဏာပိုင်များက တိုက်တွန်းထားသည်။
ဂျပန်မိုးလေဝသအေဂျင်စီကလည်း အီရှီကာဝါစီရင်စုနယ်တါင် ရေလွှမ်းမိုးမှုနှင့်ပတ်သက်ပြီး အမြင့်ဆုံးအဆင့် သတိပေးချက်ထုတ်ပြန်ထားသည်။
Source: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
