ဟစ်ဇဘိုလာအဖွဲ့အတွက် လျှို့ဝှက်လှုပ်ရှားပေးနေသူများ အသုံးပြုသော ဆက်သွယ်ရေး ကိရိယာများကို ပစ်မှတ်ထားသော တိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့သည့်အတွက် ဟစ်ဇဘိုလာခေါင်းဆောင်က လက်တုံ့ပြန်မည်ဟု ပြောကြားခဲ့ပြီးနောက် နာရီပိုင်းအတွင်း အစ္စရေးက လက်ဘနွန်နိုင်ငံထဲက ပစ်မှတ်ရာ ပေါင်းများစွာကို တိုက်ခိုက်ခဲ့သည်။
ယခု သီတင်းပတ်ထဲ နှစ်ရက်အတွင်း လူ ၃၇ ဦးသေဆုံးခဲ့ပြီး လူ ၃,၀၀၀ နီးပါး ဒဏ်ရာရခဲ့သော ဟစ်ဇဘိုလာ ပေဂျာနှင့်စကား ပြောစက်ရာပေါင်းများစွာ ပေါက်ကွဲမှုနှင့် ပတ်သက်၍ အစ္စရေးက မှတ်ချက်ပေးခြင်း မရှိသော်လည်း အီရန်ကျောထောက်နောက် ခံပေးထားသော ဟစ်ဇဘိုလာကမူ ယင်းတိုက်ခိုက်မှုများအတွက် အစ္စရေးကို အပြစ်တင်ထားသည်။
အဆိုပါတိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် ပထမဆုံးပြောကြားသော မိန့်ခွန်းတွင် ဟစ်ဇဘိုလာခေါင်းဆောင် ဟာဆန် နာဆရယ်လာက အစ္စရေးသည် ဒဏ်ခတ်မှုကို ရင်ဆိုင်ရလိမ့်မည်ဟု စက်တင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ယင်းသို့ပြောကြားခဲ့ပြီးနောက် နာရီပိုင်းအတွင်းတွင် အစ္စရေးက လက်ဘနွန်ရှိ ပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်။ အစ္စရေးစစ် လေယာဉ်များက ဒုံးကျည်ပစ်လောင်ချာ ၁၀၀ ခန့်ကို တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရာ နေရာများကိုလည်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
အစ္စရေးသည် လက်ဘနွန်တောင်ပိုင်းကို အနည်းဆုံး ၅၂ ကြိမ် တိုက်ခိုက်ခဲ့သည်ဟု လက်ဘနွန် အစိုးရပိုင် အမျိုးသားသတင်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဟစ်ဇဘိုလာကလည်း အစ္စရေးမြောက်ပိုင်းရှိ စစ်ဘက်နေရာများကို အနည်းဆုံး တိုက်ခိုက်မှု ၁၇ ကြိမ်လုပ်ဆောင်ခဲ့သည်ဟု ပြောကြားခဲ့သည်။
စစ်ရေးရည်မှန်းချက်များကို လက်ဘနွန်နိုင်ငံနှင့် ထိစပ်နေသော အစ္စရေးမြောက်ပိုင်းသို့ ပြောင်းလဲမည်ဟု အစ္စရေးက ကြေညာခဲ့ပြီးနောက် ဆက်သွယ်ရေးကိရိယာများ ပေါက်ကွဲမှုဖြစ်ပွားခြင်းနှင့် စက်တင်ဘာ ၁၉ ရက် လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အစ္စရေးမြောက်ပိုင်းရှိ လက်ဘနွန်နယ်စပ်တွင် အစ္စရေးစစ်သားများနှင့် ဟစ်ဇဘိုလာ တိုက်ခိုက်ရေးသမားများ နေ့စဉ်နီးပါး အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားနေသည်မှာ ကြာပြီဖြစ်သည်။
နိုင်ငံတကာ ကြားဝင်စေ့စပ်သူများက အစ္စရေးနှင့်ဟစ်ဇဘိုလာတို့ အင်အားအပြည့်သုံးသော စစ်ပွဲ ဖြစ်ပွားမလာစေရန် ကြိမ်ဖန်များစွာ ကြိုးစားလျက်ရှိသည်။
ဂါဇာရှိ ဟားမာ့စ်ကို ထောက်ခံသည့် အနေဖြင့် အစ္စရေးကို ဆက်လက်တိုက်ခိုက်မည်ဟု ဟစ်ဇဘိုလာက ပြောကြားထားသည်။ ဂါဇာတွင် စစ်ဖြစ်နေသမျှ ကာလပတ်လုံး အစ္စရေးကို တိုက်ခိုက်မှုများ ဆက်လက်ရှိနေ လိမ့်မည်ဟု နာဆရယ်လာက ပြောကြားခဲ့သည်။
နယ်စပ်ဖြတ်ကျော် အပြန်အလှန်ပစ်ခတ်မှုများကြောင့် လက်ဘနွန်တွင် လူရာဂဏန်းသေဆုံးခဲ့ရာ သေဆုံးသူ အများစုမှာ ဟစ်ဇဘိုလာ တိုက်ခိုက်ရေးသမားများ ဖြစ်သည်။ အစ္စရေးတွင်လည်း စစ်သားများအပါအဝင် လူဒါဇင်ချီ သေဆုံးခဲ့သည်။ နှစ်နိုင်ငံ နယ်စပ်၏ နှစ်ဘက်စလုံးတွင် နေထိုင်သော ပြည်သူများသည် အိုးအိမ် စွန့်ခွာထွက်ပြေးနေကြ ရသည်။
Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
