ရှမ်းပြည်နယ်တောင်ပိုင်း ဟန်မြင့်မိုလ်-ရွာငံလမ်းပိုင်းတွင် ယနေ့ စက်တင်ဘာ (၂၂) ရက် ညနေ(၄)နာရီအချိန်ခန့်၌ အဆိုပါ လမ်းပိုင်းပေါ်တွင်မောင်းနှင်လာသော (၁၂ )ဘီးယာဉ်ပေါ်သို့ သစ်ပင်ကျိုးကျမှုဖြစ်ပွားခဲ့ရာ (၁)နာရီကျော်ကြာ လမ်း ပိတ်ဆို့ဖြစ်ပွားခဲ့ရကြောင်း ဖြစ်စဉ်နေရာသို့ ကိုယ်တိုင်ရောက်ရှိခဲ့သည့် ဒေသခံတစ်ဦးကပြောသည်။
အဆိုပါ သစ်ပင်ကျိုးကျမှုကြောင့် (၁၂)တင်ယာဉ် အနည်းငယ်ပျက်စီးမှုရှိသော်လည်း လူထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်းဆိုသည်။
“လမ်းပိုင်းပေါ်မောင်းနေတာ။ အဲ့ဒီကားက ကျွန်တော့်အရှေ့က ငှက်ပျောသီးတင်လာတဲ့ကား လမ်းတော့ ပိတ်ကုန်တာပေါ့။ ချိန်ဆော(လွှစက်)တွေနဲ့ဖြတ်ထုတ်ရတယ်။ မိုးရွာထားတော့ သစ်ပင်တွေက လမ်းဘက်ကို ယိုင်နေကြတာ။ သတိနဲ့တော့မောင်းနေရတာပေါ့။”ဟု ၎င်းက ပြောသည်။
ယင်းလမ်းပိုင်းမှာ ရှမ်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်းသို့ ဖြတ်သန်းသွားလာရာတွင်အသုံးပြုနေကြပြီး၊ မိုးရွာသွန်းနေခြင်းကြောင့် လမ်းပိုင်းများပျက်စီးသည့်နေရာများရှိသလို သစ်ပင်များလဲကျခြင်းများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
