နေပြည်တော်ရှိ ပေါင်းလောင်းဆည်၏ တမံသည်ကျောက်သားဖြင့်တည်ဆောက်ထားခြင်းဖြစ်၍ ဆည်ကျိုးမည့်သတင်းမှာ သတင်းမှားသာဖြစ်ပြီး ပေါင်းလောင်းရေလှောင်တမံနှင့်ပတ်သက်၍ စိုးရိမ်ဖွယ်မရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ယနေ့ စက်တင်ဘာ ၂၂ ရက်ကရှင်းလင်းပြောကြားခဲ့သည်။
နေပြည်တော်အတွင်း၌ ဆည်တမံ(၁၂)ခုရှိသည့်အနက် မုန်၊ ငလိုက်နှင့် ပေါင်းလောင်းတမံတို့သာ ရေကျော်လျက်ရှိပြီး အများဆုံးရေကျော်နေသောတမံမှာ ပေါင်းလောင်းတမံဖြစ်ကာ ယနေ့တွင် ပေါင်းလောင်းတမံရေပိုလွှဲပေါ်မှ (၆ ဒသမ ၃)ပေ ရေကျော်လျက်ရှိသည်ဟု အသိပေးပြောကြားခဲ့သည်။
” ပေါင်းလောင်းတမံကနေ အများဆုံးရေကျော်ခဲ့တာက စက်တင်ဘာ ၁၄ ရက်ကပါ။ ၁၁ ဒသမ ၈၇ ပေကျော်ခဲ့ပါတယ်။ အဲတုန်းကလည်း စိုးရိမ်စရာ အခြေအနေမရှိပါဘူး။ အခုလည်းပိုပြီးတော့ စိုးရိမ်စရာမရှိတဲ့ အခြေအနေဖြစ်နေပါပြီ ရေလည်းပြန်ကျနေပါပြီ”ဟု တာဝန်ရှိသူများကပြောကြားထားသည်။
ထို့ပြင် ပေါင်းလောင်းဆည်ကျိုးမည့် သတင်းများထွက်ပေါ်လျက်ရှိသော်လည်း တမံသည်ကျောက်သားဖြင့်တည်ဆောက်ထားသော Rock Fill Dam အမျိုးအစားတမံဖြစ်ပြီး အမြင့်(၄၃၀) ပေ အလျား(၃၁၀၀)ပေဖြစ်ပြီး ရေကျော်နေသော ရေပိုလွှဲသည်လည်း အကျယ်(၄၆၁)ပေသာရှိကြောင်း သိရသည်။
“ရေပိုလွှဲရဲ့ ရေကျော်နိုင်တဲ့ခံနိုင်ရည်အားဒီဇိုင်းတွက်ချက်မှုအရ(၂၁)ပေရေကျော်နိုင်တာဖြစ်ပါ တယ်။ အခုကျော်နေတာက(၆ ဒသမ ၃)ပေဘဲရှိတာကြောင့် စိုးရိမ်ဖွယ်မရှိပါဘူး။ အခု အခြေအနေမှာ တမံထိပ်ပြင်ရောက်ဖို့ အမြင့်(၃၆)ပေခန့် လိုပါသေးတယ်။ အဲလောက်ထိ တက်လာဖို့လည်းမဖြစ်နိုင်ပါဘူး။ အလံအနီလဲ မထောင်ထားပါဘူး။ Red alert လည်းလုပ်ထားတာလုံးဝမရှိပါဘူး။ ရေပိုလွှဲကနေကို ရေကျော်နေတာ အ သိပေးတဲ့အလံအစိမ်းသာ ထောင်ထားပါတယ်” ဟု တာဝန်ရှိသူများက ပြောကြားထားသည်။
ထို့ကြောင့် မုန်တိုင်းအရှိန်ကြောင့် ပေါင်းလောင်းဆည်၏တမံရေပိုလွှဲပေါ်မှ (၁၁ ဒသမ ၈၇)ပေအ ထိအမြင့်ဆုံးကျော်ခဲ့ပြီး လက်ရှိအချိန်၌ ရေပြန်ကျနေပြီဖြစ်ကာ တမံခိုင်ခံမှုအနေဖြင့်လည်း စိုးရိမ်ဖွယ်မရှိကြောင်း တာဝန်ရှိသူများကရှင်း လင်းပြောကြားထားသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ထိန်းသိမ်းထားသော ဆည်ပေါင်း(၂၄၆)ခုအနက်မှ (၅၄)ခုမှသာ ရေပိုလွှဲမှရေကျော်နေလျက်ရှိပြီး စိုးရိမ်စရာ မရှိကြောင်း တာဝန်ရှိသူများကရှင်းလင်းပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
