ဧရာဝတီတိုင်း၌ ကညင်ရေလှောင်တမံအတွင်း သိုလှောင်ထားသည့် ရေများကိုအသုံးချကာ လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့် “ကညင်ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်း “ကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းအား ကညင်ဟိုက်ဒရိုပါဝါကုမ္ပဏီလီမိတက်မှဆောင်ရွက်သွားမည်ဖြစ်ကာ စီမံကိန်း တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်းခြင်းဆိုင်ရာသဘောတူစာချုပ်(B.O.T)အား ဧရာဝတီတိုင်းအစိုးရအဖွဲ့နှင့်ကုမ္ပဏီတာဝန်ရှိသူများမှ ယမန်နေ့ စက်တင်ဘာ ၂၁ ရက်နံနက်ပိုင်းက လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးတင်မောင်ဝင်းတက်ရောက်ကာ ယင်းစီမံကိန်းသည် ကညင်ရေလှောင်တမံမှ သိုလှောင်ထားသည့်ရေများကို မိုးရာသီတွင် လုံလောက်စွာဖြင့်အသုံးချထုတ်လုပ်နိုင်မည်ဖြစ်ပြီး နွေရာသီ၌ဆည်ရေသောက်စိုက်ပျိုးမြေများအတွက်ပေးဝေသည့် ဆည်ရေကိုထိန်းသိမ်းအသုံးချနိုင်မည့် အကျိုးကျေးဇူးများကိုပြောကြားခဲ့သည်။
ထို့ပြင် ဆိုလာစနစ်ဖြင့်ပါ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပြီး မဟာဓာတ်အားလိုင်းသို့ချိတ်ဆက်ပို့လွှတ်နိုင်ရေး ဆက်လက်ဆောင်ရွက်မည်ဖြစ်ရာများစွာအကျိုးရှိပြီး ဧရာဝတီတိုင်းအတွက်လိုအပ်သည့် လျှပ်စစ်ပမာဏကိုလည်းဖြည့်ဆည်းပေးနိုင်မည်ဟု ပြောသည်။
ထို့နောက် တိုင်းအစိုးရအဖွဲ့၏ သယံဇာတရေးရာဝန်ကြီးနှင့် ကညင်ဟိုက်ဒရိုပါဝါကုမ္ပဏီလီမိတက်မှတာဝန်ရှိသူတို့က ကုမ္ပဏီဆိုင်ရာ အချက်အလက်များ၊ ရေအားလျှပ်စစ် ၁၀ ဒသမ ၅ မဂ္ဂါဝပ်ထုတ်လုပ်မှု၊ ဆိုလာပါဝါစနစ်ဖြင့် ၂၀ မဂ္ဂါဝပ်ထုတ်လုပ်မည့်စီမံကိန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
