စံချိန်တင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် ရှမ်း ပြည်နယ်၊ တာချီလိတ်မြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လူမှုရေးဝန်ကြီးဦးမင်းမင်းလွင်နှင့်မြို့တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများ ယနေ့ စက်တင်ဘာ ၂၂ ရက်နံနက်ပိုင်းကတွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ရေပြန်ကျပြီးတင်ကျန်နေသော နုန်းများ၊ ရွှံ့များရှင်းလင်းလျက်ရှိသော် လည်း နှောင့်နှေးမှုများဖြစ်ပေါ်လျက်ရှိ၍ အမြန်ဆုံးပြင်ဆင်နိုင်ရန်လည်း ဝန်ကြီးက ပြောကြားသည်။
“လမ်းပေါ်က နုန်းတွေ ရွှံတွေ သဲတွေကို သိမ်းနေပေမယ့် ထပ်ထပ်ထွက်လာတဲ့ အမှိုက်တွေကြောင့် လုပ်ဆောင်မှုတွေက ထင်သလောက်ရှေ့မရောက်ဘူးဖြစ်နေတယ်”ဟု ၎င်းကဆိုသည်။
တာချီလိတ်မြို့၌ လမ်းပန်းဆက်သွယ်ရေးနှင့်သွားလာမှုလွယ်ကူစေရေးဆောင်ရွက်ရာတွင် စက်ယန္တယားများနှင့်လိုအပ်သည်များကို ဌာနဆိုင်များပေါင်းစပ်ညှိနှိုင်း၍ နေ့၊ ည အလှည့်ကျဆောင်ရွက်ရန်၊ လုပ်ဆောင်ရမည်များကို သတ်မှတ်ချက်အလိုက်တိတိကျကျတာဝန်ခွဲဝေ ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့နောက် တာချီလိတ်မြို့၏ လျှပ်စစ်မီးလင်းရေးကဏ္ဍ၊ ရေပေးဝေရေးကဏ္ဍ၊ အမှိုက်၊ နွံ၊ ရွှံ့ တို့အား စနစ်တကျစွန့်ပစ်ရေးကဏ္ဍ၊ သန့်ရှင်းရေးပြုလုပ်ရာ၌ ဦးစားပေးဆောင်ရွက်လျက်ရှိသည့်နေရာများ၏ အခြေအနေ၊ တာလော့ရပ် ကွက်ရှိ ရေဝင်ပေါက်ဖြစ်သော အမှတ်(၁) ချစ် ကြည်ရေးတံတားရေထိန်းနံရံအား သဲအိတ်များကာရံနေမှု၊ မယ်ခေါင်ရပ်ကွက်၊ အရှေ့မြို့ပတ် လမ်းတွင် ရေတိုက်စား၍လမ်းသားများမပျက် စီးစေရန် သဲအိတ်ကာရံနေမှု မြေဖို့နေမှု၊ သဲနှုန်းများရှင်းလင်းရန်ကျန်ရှိသော မြို့တွင်းလမ်းများအား ဆက်လက်ဆောင်ရွက်ရန်တို့အား ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် တာချီလိတ်မြို့အား ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ လိုအပ်ချက်များနှင့်အကူအညီများကိုလည်း မြို့တာဝန်ရှိသူများနှင့်ရပ်မိရပ်ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်လူမှုရေးအဖွဲ့အစည်းများက တင်ပြခဲ့ကြကြောင်း သိရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
