မိုနာကို နှင့် လူအယ်ဗာ
ဒီရာသီပေးဂိုးအနည်းဆုံးအသင်းတစ်သင်းဖြစ်တဲ့ မိုနာကိုရဲ့ အိမ်ကွင်းကစားပုံမာကျောမှုကို လူအယ်ဗာတို့ ပွဲချိန်ပြည့်တောင့်ခံကစားဖို့ခက်ပါလိမ့်မယ်။ လူအယ်ဗာက လီဂူးအတွေ့အ ကြုံနည်းပေမယ့် ကစားပုံကောင်းမွန်တဲ့အသင်းဖြစ်လို့ မိုနာကိုအတွက်လည်း ပေါ့ဆလို့မရတာအမှန်ပါ။ အိမ်ကွင်းမှာမိုနာကိုအား ပိုသာပေမယ့် အလွယ်တကူအနိုင်ရဖို့ခက်မှာပါ။
ဘရက်စ် နှင့် တူးလူး
ရပ်တည်မှုမကွာခြားလှပေမယ့် တူးလူးရဲ့ဒီရာသီကစားပုံက အိမ်ရှင်ဘရက်စ်ထက်ပိုပြီးတည်ငြိမ်ပါတယ်။ ဘရက်စ်တို့ အမြင့်ဆုံးသရေပဲမျှော်လင့်နိုင်မယ်။
အန်ဂါစ် နှင့် နန့်စ်
ပြီးခဲ့တဲ့ပွဲမှာ ဒီရာသီပထမဆုံးရှုံးပွဲကိုကြုံတွေ့ခဲ့ပေမယ့် နန့်စ်ရဲ့ကစားပုံက အိမ်ရှင်အန်ဂါစ်ထက် ပိုသာပါတယ်။ တိုက်စစ် ကစားပုံကောင်းတဲ့နန့်စ်တို့ နိုင်ပွဲပြန်ယူမှာပါ။
မောင့်ပယ်လီယာ နှင့် အော်ဇေး
နိုင်ပွဲမရသေးဘဲ အမှတ်ပေးဇယားအောက်ဆုံးရောက်နေတဲ့ မောင့်ပယ်လီယာတို့ အခုအိမ်ကွင်းမှာ အခွင့်အရေးယူနိုင်မလား စောင့်ကြည့်ရမယ်။ မောင့်ပယ်လီယာနဲ့ပဲအရဲစွန့်ချင်တယ်။
လိုင်ယွန် နှင့် မာဆေးလ်
မာဆေးလ်အတွက် နောက်ထပ်စမ်းသပ်မှုပါ။ လိုင်ယွန်က အကောင်းဆုံးပုံစံမရသေးပေမယ့် အိမ်ကွင်းဆိုရင်ကစားပုံကျစ် လျစ်မာကျောလေ့ရှိတယ်။ အထူးသဖြင့် ခြေပိုသာတဲ့ပြိုင်ဘက် အသင်းကြီးတွေနဲ့တွေ့ရင် လိုင်ယွန်တို့ ပိုပြီးအားစိုက်ကစားလေ့ ရှိတာတွေ့ရတယ်။ ဒါပေမဲ့မာဆေးလ်က ယုံကြည်မှုမြင့်နေသလို၊ ကစားပုံကောင်းမွန်တဲ့အသင်းပါ။ မာဆေးလ်ပဲကြိုက်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
