■ ပုံစံကောင်းပြန်ရနေသည့် ရပ်ရှ်ဖို့ဒ်ကို အရန်အဖြစ်သာ အသုံးပြုခြင်းအတွက် အဲရစ်တန်ဟက်ဂ် ကာကွယ်
24htopnews | September 23, 2024 5:12 AM CST
မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ် သည် ပုံစံကောင်းပြန်ရနေသည့် တိုက်စစ်မှူး မားကပ်စ်ရပ်ရှ်ဖို့ဒ်ကို ပဲလေ့စ်အသင်းနှင့်ပွဲ၌ အရန်အဖြစ်သာ အသုံးပြုခြင်းအတွက် ကာကွယ်ပြောကြားခဲ့ကြောင်း သိရသည်။
ရပ်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့်တစ်ပတ်အတွင်း ဆောက်သမ်တန်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲတွင် တစ်ဂိုး၊ ဘန်စလေအသင်းနှင့် လိဂ်ဖလားပွဲတွင် နှစ်ဂိုး သွင်းယူထားနိုင်သူဖြစ်သည်။
သို့သော် စက်တင်ဘာ ၂၁ ရက်က ပဲလေ့စ်အသင်းနှင့် သရေကျသည့်ပွဲတွင် ၎င်းကို ၆၁ မိနစ်မှသာ လူစားဝင်အဖြစ် အသုံးပြုခဲ့သဖြင့် တန်ဟက်အပေါ် ဝေဖန်မှုများရှိနေခြင်းဖြစ်သည်။
သို့ဖြစ်ရာ တန်ဟက်က ''ဒါက ခက်ခဲတဲ့ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ကျွန်တော်တို့ အလှည့်ကျလုပ်ရပါမယ်။ ကျွန်တော်တို့မှာ ပွဲတွေအများကြီးရှိနေပါတယ်။ ဂါနာချိုကိုလည်း ပွဲကစားခွင့်ပေးရပါမယ်''ဟု ဆိုသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
