ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး ဟာရီကိန်းသည် ၀ါဒါဘရီမင်အသင်းနှင့်ပွဲတွင် တစ်ဂိုးသွင်းယူပြီးနောက် ဘွန်ဒစ်လီဂါပြိုင်ပွဲ၌ ဂိုးအများဆုံး အင်္ဂလိပ်ကစားသမားအဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၂၁ ရက်က ယှဉ်ပြိုင်ကစားသည့် ဘွန်ဒစ်လီဂါ ပွဲစဉ် (၄) တွင် ဘိုင်ယန်မြူးနစ်အသင်းက ၀ါဒါဘရီမင်အသင်းအား အဝေးကွင်း၌ (၀-၅) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရပြီး အနိုင်ဂိုးများကို အိုလီဆေး (၂၃၊ ၆၀ မိနစ်)၊ မူဆီယာလာ (၃၂ မိနစ်)၊ ဟာရီကိန်း (၅၇ မိနစ်)နှင့် နာဘရီ (၆၅ မိနစ်)တို့က သွင်းယူပေးခဲ့သည်။
ဟာရီကိန်းသည် ယခုပွဲတွင် ကိုယ်တိုင်တစ်ဂိုးသွင်းယူခဲ့သလို အိုလီဆေးသွင်းယူသည့် အဖွင့်ဂိုးနှင့် နာဘရီသွင်းယူသည့်ဂိုးတို့ကိုလည်း ဖန်တီးပေးနိုင်ခဲ့သည်။
၎င်းအနေဖြင့် ဘွန်ဒစ်လီဂါပြိုင်ပွဲတွင် ၃၆ ပွဲကစား၊ ၄၁ ဂိုး (၂၀၂၃-၂၀၂၄ ရာသီ ၃၂ ပွဲကစား၊ ၃၆ ဂိုး၊ ၂၀၂၄-၂၀၂၅ ရာသီ လေးပွဲကစား၊ ငါးဂိုး) သွင်းယူထားပြီး ဒေါ့မွန်အသင်းကစားသမားဟောင်း ဂျေဒန်ဆန်ချို (ယခုချယ်လ်ဆီး) တင်ရှိထားသည့် ဘွန်ဒစ်လီဂါပြိုင်ပွဲ၌ ဂိုးအများဆုံး အင်္ဂလိပ်ကစားသမားစံချိန်ကို ကျော်ဖြတ်၍ စံချိန်သစ်တင်နိုင်ခဲ့ပြီဖြစ်သည်။
ဆန်ချိုမှာ ဒေါ့မွန်အသင်းအတွက် ပထမအကြိမ်ကစားစဉ် ၁၀၄ ပွဲ ကစား၊ ၃၈ ဂိုးနှင့် ပြီးခဲ့သည့်ရာသီက ဒုတိယအကြိမ် ရာသီဝက်အငှားသွားရောက်ကစားစဉ် ၁၄ ပွဲကစား၊ နှစ်ဂိုး၊ စုစုပေါင်း ၁၁၈ ပွဲ ကစား၊ ဂိုး ၄၀ သွင်းယူထားခြင်းဖြစ်ပြီး ဟာရီကိန်းက ယင်းစံချိန်ကို ၃၆ ပွဲကစားအပြီးမှာပင် ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။
''အမိုက်စား အဝေးကွင်းနိုင်ပွဲပါ။ ဒီရက်သတ္တပတ်က နိုင်ပွဲတွေ၊ သွင်းဂိုးတွေနဲ့ ပြည့်နှက်နေပြီး အရမ်းကောင်းပါတယ်။ ရှေ့ဆက်သွားကြရအောင်''ဟု ဟာရီကိန်းက ပွဲအပြီးတွင် Instagram မှတစ်ဆင့် ပြောကြားသည်။
ထို့ပြင် ဟာရီကိန်း (၃၁ နှစ်) သည် ဒိုင်နမိုဇာဂရက်အသင်းအား အိမ်ကွင်း၌ (၉-၂) ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင်လည်း တစ်ဦးတည်း လေးဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ၌ သွင်းဂိုး ၃၃ ဂိုးရှိလာကာ ၀ိန်းရွန်နီ (၃၀ ဂိုး) ကို ကျော်ဖြတ်၍ ဂိုးအများဆုံး အင်္ဂလိပ်ကစားသမားအဖြစ် စံချိန်တင်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
