မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံကြားကုန်သွယ်မှု မြှင့်တင်ရေးအတွက် ပြည်တွင်းသုံးငွေဖြင့် အသုံးပြုနိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်ဟု အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး က သူ၏ တွစ်တာမှ တဆင့် ရေးသားထားသည်။
အိန္ဒိယ ရူပီးနှင့် မြန်မာကျပ်ငွေ အသုံးပြုနိုင်မည့် နည်းလမ်းများကို နှစ်နိုင်ငံအကြား ဆွေးနွေးခဲ့ကြကာ နှစ်နိုင်ငံ ပြည်တွင်းသုံးငွေဖြင့် ပေးချေပြီး ကုန်သွယ်ခြင်းအားဖြင့် ငွေကြေးလဲလှယ်ရန်လိုအပ်တော့သည့်အတွက် ကုန်ကျစရိတ် လျှော့ချနိုင်မည်ဟုလည်း
ရည်ရွယ်ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံခြင်းကို လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ကျင်းပသည့်၁၂ ကြိမ်မြောက် အရှေ့အာရှထိပ်သီး စီးပွားရေးဝန်ကြီးများ အစည်းအဝေးပြင်ပ၌ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်နှင့် အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနဲ့ စက်မှုဝန်ကြီး Piyush Goyal တို့ စက်တင်ဘာ ၂၁ ရက်နေ့က ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် နှစ်နိုင်ငံကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရန်အလားအလာရှိသည့် ကဏ္ဍများနှင့် အာဆီယံ-အိန္ဒိယ ကုန်သွယ်မှု
ဆိုင်ရာ ကုန်စည်သဘောတူညီချက်ကို သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
