ဖျာပုံမြို့ရှိ PARADISO ရုပ်ရှင်ရုံသစ် စက်တင်ဘာ ၂၁ ရက် ည ၉ နာရီခန့်က မီးလောင်ခဲ့ပြီး တစ်ရုံလုံးပျက်စီးခဲ့ကြောင်း ဖျာပုံမြို့ခံများထံမှ သိရသည်။
ထရန်စဖောမှ ရှော့ဝင်ပြီး စတင်လောင်ကျွမ်းခြင်းဖြစ်ကာ တစ်ရုံလုံး မီးလောင်ပျက်စီးသွားကြောင်း ဖျာပုံမြို့ခံတစ်ဦးက ပြောကြားသည်။
"မနေ့ကညက လောင်တာပေါ့။ ထရန်စဖာကနေ ရှော့ဝင်စီးပြီး လောင်တာလို့ ကနဦးသိရပါတယ်။ ရှော့ဝင်တာကနေ မီးပွားလေးကနေတစ်ဆင့်အပေါ် စတင်လောင်ကျွမ်းသွားကနေ အကုန်လုံးနီးပါး မီးလောင်သွားတာပါ" ဟု ဖျာပုံမြို့ခံတစ်ဦးက ပြောကြားသည်။
မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် စက်တင်ဘာ ၂၁ ည ၈ နာရီ ၅၅ မိနစ်ခန့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၊ ဒုတိယလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ဖျာပုံခရိုင် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဖျာပုံမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၇)စီး၊ ဘိုကလေးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဒေးဒရဲမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကျိုက်လတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး ည ၉ နာရီ ၁၀ မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
