ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် ဘီလူးချောင်းရေ မြင့်တက်ဝင်ရောက်နေသဖြင့် ဒေသခံများ ရေဘေးလွတ်ရာ ပြောင်းရွှေ့နေထိုင်နေကြရပြီး ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ အရေးပေါ် လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
လွိုင်ကော်မြို့နယ်အတွင်း ဘီးလူးချောင်းရေဆက်လက်မြင့်တက်မှုကြောင့် ဒေါနိုးကူးရပ်ကွက်၊ ရှမ်းစုရပ်ကွက်၊ မင်းစုရပ်ကွက်နှင့် နမ့်ကွတ်ရပ်ကွက်တွင် ရေများဆက်လက်ဝင်ရောက်လျက်ရှိရာ ကယားပြည်နယ် မီးသတ်ဦးစီးမှူးရုံးမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက အိမ်ထောင်စုဝင်များအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးနေရကြောင်း သိရသည်။
လွိုင်ကော်မြို့နယ် အနိမ့်ပိုင်းနေရာများနှင့် မြို့လယ်အထိ ဈေးများ၊ တံတားများ၊ အဓိကလမ်းမများ၊ နေအိမ်များနှင့် ဒီးမော့ဆို မြို့နယ် ကျေးရွာများရှိ လယ်ဧက၊ စိုက်ခင်းများစွာ ရေနစ်မြုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ရေဝင်ရောက်နေသည့် ရပ်ကွက်များသို့ ကယားပြည်နယ်မီးသတ်ဦးစီးမှူး ဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရေဘေးသင့်ပြည်သူများအား ရေဘေးလွတ်ရာသို့ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးလျက်ရှိပြီး ရေဘေးအန္တရာယ်နှင့် ပတ်သက်၍ ပြည်သူများအား လှည့်လည် သတိပေးဆော်ဩခြင်းများလည်း လုပ်ဆောင်နေကြကြောင်း သိရသည်။
လက်ရှိတွင် ဆက်သွယ်ရေး အခြေနေတွင်လည်း ဖုန်းလိုင်းနှင့် အင်တာနက်ကွန်ရက်များ ပြတ်တောက်လျက်ရှိပြီး အချို့နေရာများတွင် မြန်မာ့ဆက်သွယ်ရေး MPT ဖုန်းလိုင်းရရှိနေသည်ဟုဆိုသော်လည်း နေရာတိုင်းတွင် ဆက်သွယ်၍ မရရှိသေးကြောင်း ဒေသခံတို့က ဆိုသည်။
လက်ရှိတွင် လွိုင်ကော်မြို့နယ်အတွင်းမှ ရေဘေးသင့်ပြည်သူများအတွက် မိုဃ်းကောင်းဘုရားကြီးရှိ ဓမ္မာရုံ၊ စေတီပုထိုးနှင့် ပုဗ္ပါရုံပရိယတ္တိ စာသင်တိုက်ရှိ ကျောင်းဝန်းတို့တွင် ကယ်ဆယ်ရေးစခန်းများအဖြစ် ကြိုတင်ပြင်ဆင်ထားကြောင်း သိရသည်။
တိုင်ဖွန်းမုန်တိုင်း ယာဂီနှင့် ရှမ်းပြည်နယ်တောင်ပိုင်း၏ ရေကြီးရေလျှံမှုများကြောင့် ဖြစ်ပေါ်ခဲ့သော ရေများမှာ မိုးဗြဲရေလှောင်တမံမှ တဆင့် ဘီလူးချောင်းအတိုင်း လွိုင်ကော်မြို့နယ်အတွင်း ဝင်ရောက်ခဲ့ရာမှ စက်တင်ဘာ (၉)ရက်မှ စတင်၍ မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှုဖြစ်ပေါ် နေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်၏ အရှိန်ကြောင့် မုတ်သုံလေ အားကောင်းနေရာ စက်တင်ဘာ (၂၃)ရက်မှ စက်တင်ဘာ (၂၅)ရက်အထိ တိုင်းနှင့် ပြည်နယ် အနှံ့ မိုးထစ်ချုန်းရွာနိုင်ရာ ကယားပြည်နယ်တွင်လည်း နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုး/ဇလမှ စက်တင်ဘာ (၂၃) ရက် နံနက်ပိုင်းတွင် အထူးမိုးလေဝသသတင်းအဖြစ် ကြေညာထားသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
