မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ အင်တိုင်းကျေးရွာ အုပ်စုအတွင်းရှိ ကင်းရွာ၌ ရွှေရှာနေသည့် လုပ်ကွက်အတွင်း တောင်ကမ်းပါးပြိုကျ၍ အမျိုးသမီးတဦးေ-သဆုံးပြီး (၁၁) ဦးဒဏ်ရာရခဲ့ကြောင်း မြေပြင်အခြေအနေကိုသိသည့် ရမည်းသင်းနယ်ခံတစ်ဦးက ပြောသည်။
အဆိုပါ ဖြစ်စဉ်သည် စက်တင်ဘာလ (၂၁)ရက်နေ့က ဖြစ်ပွါးခဲ့ခြင်းဖြစ်ကာ ေ-သဆုံးသူသည် အသက် (၄၀) ဝန်းကျင်အရွယ် အိမ်ထောင်သည် အမျိုးသမီး(၁)ယောက်ဖြစ်ကာ ကလေ-း(၆)ယောက်ကျန်ခဲ့သည်ဟု သိရသည်။
“နေ့ခင်း (၃)နာရီလောက်က ဖြစ်သွားတာ၊ ဒဏ်ရာရသူတွေကို ကင်းရွာကနေ ရမည်းသင်းမြို့ပေါ် ဆေးရုံကို တင်ထားပြီးဖြစ်ပါတယ်” ဟု အထက်ပါဒေသခံက ပြောသည်။
ယခု မြေပြိုမှုဖြစ်ပွားခဲ့သည့် နေရာသည် ရွှေလုပ်ကွက်အကြီးမဟုတ်ဘဲ တနိုင်တပိုင်ရွှေကျင်ကြသည့် လုပ်ကွက်၌ ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ကင်းရွာသည် မိုးနှောင်းကာလ စက်တင်ဘာလလယ်ပိုင်းတုန်းကလည်း မိုးသည်းပြီး ရုတ်တရက် ရေကြီးတာခြင်း၊ မြေပြိုခြင်းကြောင့် လူဒါဇင်နှင့် ချီေ-သဆုံးခဲ့သည့် အင်တိုင်းကျေးရွာအုပ်စုထဲ၌ ရှိပြီး ရမည်းသင်းမြို့နယ်တစ်ခုလုံးအတိုင်းအတာဖြင့် အခုရေကြီးကာလ၌ ေ-သဆုံးသူ တစ်ရာကျော်ရှိနိုင်ကြောင်း ရေဘေးကူညီရေးလုပ်နေသူများက ခန့်မှန်းထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
