မန်စီးတီး ၂-၂ အာဆင်နယ်ပွဲကို ကိုင်တွယ်ခဲ့သည့် ကွင်းလယ်ဒိုင်လူကြီး မိုက်ကယ်အိုလီဗာသည် ၎င်းင်း၏ ဒိုင်လူကြီးသက်တမ်းအတွင်း အာဆင်နယ်ကစားသမား (၇)ဦးကို ထုတ်ပယ်ခဲ့ပြီး အခြားအသင်းများထက် ပိုမိုများပြားသည့် အရေအတွက်ဖြစ်ကြောင်း သိရသည်။
မိုက်ကယ်အိုလီဗာသည် ယခုတစ်ပတ်ပွဲစဉ်တွင် အာဆင်နယ်ကွင်းလယ်လူ ထရိုဆက်ဒ်ကို နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခဲ့ပြီး အဆိုပါဆုံးဖြတ်ချက်အတွက် ဝေဖန်ပြစ်တင်မှုများစွာနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။
ထရိုဆက်ဒ်ကို ဒုတိယအဝါကတ် ပြသခဲ့ခြင်းမှာ ပြစ်ဒဏ်ဘောအဖြစ် ခရာမှုတ်ပြီးချိန်၌ ဘောလုံးကို ကန်ထုတ်ခဲ့ခြင်းကြောင့်ဟု အကြောင်းပြခဲ့သော်လည်း မိုက်မဲသည့် ဆုံးဖြတ်ချက်ဟု ဝေဖန်ပြစ်တင်သူများစွာ ရှိခဲ့သည်။
မန်ယူအသင်း၏ ဂိုးသမားဟောင်း ပီတာရှမိုက်ကယ်ကလည်း ပရီးမီးယားလိဂ်၏ ပွဲကြီးပွဲကောင်းတစ်ပွဲတွင် မိုက်ကယ်အိုလီဗာအနေဖြင့် ပျော့ပြောင်းစွာကိုင်တွယ်သင့်သော်လည်း ပွဲ၏ရသကို ပျက်စီးစေခဲ့ကြောင်း ဝေဖန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
