
ကုန်ထုတ်လုပ်မှုကဏ္ဍတွင် COVID-19 ကြောင့် လုပ်သားရှားပါးမှုနှင့် တရုတ်နိုင်ငံနယ်စပ်ဂိတ်များ ပိတ်ထားမှုကြောင့် ပို့ကုန်ကဏ္ဍတွင် အသုံးပြုသည့်ကုန်ကြမ်းများ ရရှိနိုင်ရေး အခက်အခဲများကြောင့် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်အတွက် သုည ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းသွားမည်ဟု ခန့်မှန်းထားကြောင်း ICAEW မှ ထုတ်ပြန်ထားသည်။
၂၀၂၀ ပြည့်နှစ်တွင် အရှေ့တောင်အာရှ၏ GDP သည် ၄ ဒသမ ၂ ရာခိုင်နှုန်းသို့ ကျဆင်းသွားနိုင်ကြောင်း၊ COVID-19 သည် အရှေ့တောင်အာရှဒေသအတွက် ၁၉၉၇ ခုနှစ် အာရှစီးပွားရေးနောက်ပိုင်း အကြီးမားဆုံး ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးခြင်းကို ဖြစ်စေခဲ့သည်။ အစီရင်ခံစာသစ်အရ ၂၀၂၀ ပြည့်နှစ်တွင် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုသည် ၄ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းသွားနိုင်သည်ဟု ခန့်မှန်းထားကြသည်။
COVID-19 ကပ်ရောဂါသည် ကမ္ဘာလုံးဆိုင်ရာ GDP အား ၂၀၂၀ ပြည့်နှစ်၏ ခြောက်လပတ်တွင် ကိုးရာခိုင်နှုန်းအထိ လျော့ကျသွားစေပြီး ၂၀၀၇ -၂၀၀၉ ကမ္ဘာ့စီးပွားရေးအကျပ်အတည်းထက် အနည်းဆုံး သုံးဆခန့် ပိုမိုပြင်းထန်ခဲ့သည်ဟုဆိုသည်။ ၂၀၂၀ ပြည့်နှစ် တတိယသုံးလပတ်တွင် အားကောင်းသည့် ပြန်လည်လည်ပတ်မှုများ ရှိလာပြီး ၆ ဒသမ ၄ ရာခိုင်နှုန်းအထိ ပြန်လည်တိုးတက်လာမည်ဖြစ်သော်လည်း အစီရင်ခံစာကမူ ၂၀၂၀ တစ်ခုလုံးအတွက် ကမ္ဘာလုံးဆိုင်ရာ GDP သည် ၄ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းသွားမည်ဟု ဆိုထားသည်။
သို့သော် ၂၀၂၀ ပြည့်နှစ် ဒုတိယခြောက်လပတ်တွင် ပြန်လည်တည်ဆောက်မှုများ အရှိန်ပြန်ရလာပြီး ၂၀၂၁ ခုနှစ်တွင် တိုးတက်မှုနှုန်းအား ၅ ဒသမ ၈ ရာခိုင်နှုန်းအထိ ရှိလာစေမည်ဖြစ်သည်။ ကမ္ဘာ့စီးပွားရေးသည် မကြာမီပြန်လည်ဦးမော့လာပြီး ၂၀၂၁ ခုနှစ် နှစ်လည်တွင် ကပ်ရောဂါမဖြစ်မီ အမြင့်ဆုံး အမှတ်သို့ ပြန်လည်ရောက်ရှိလာမည်ဟု ခန့်မှန်းထားသည်။ ၂၀၀၈ ခုနှစ် စီးပွားရေး အကျပ်အတည်းကာလ ပြန်လည်နာလည်ထလာသည့် အချိန်နှင့်တူညီသည့် ကာလအတွင်းမှာပင် ပြန်လည်နာလန်ထူလာနိုင်ခြင်း ဖြစ်သည်။
သို့သော် စီးပွားရေးလုပ်ဆောင်ချက်များ ပြန်လည်နာလည်ထလာမှု၏ အားကောင်းမှုသည် အရှေ့တောင်အာရှဒေသအတွက် ဆက်လက်၍ မတည်မငြိမ်ဖြစ်နေဦးမည်ဖြစ်သည်။ အထူးသဖြင့် ၂၀၂၀ ဒုတိယသုံးလပတ်တွင် အစောပိုင်းကာလများက ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုပြန်လည်အားကောင်းလာပြီး ဒေသတွင်းကန့်သတ်မှုများ ဖြေလျှော့ပေးပြီးနောက် စီးပွားရေးပြန်လည်လည်ပတ်မှုများ ရှိလာမည်ဟု ခန့်မှန်းထားကြသော်လည်း ၎င်းကာလအတွင်းတွင် မသေချာမရေရာမှုများ ကြီးကြီးမားမား ဆက်လက်တည်ရှိနေမည်ဖြစ်သည်။
အရှေ့တောင်အာရှနိုင်ငံများ၏ ၂၀၂၀ ပြည့်နှစ် ဒုတိယခြောက်လပတ်အတွင်း စီးပွားရေး ပြန်လည်နာလန်ထူမှုနှုန်းသည် ဒေသအပေါ် မူတည်၍ ကွာခြားချက်များရှိနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ GDP အား ကမ္ဘာ့ဘဏ်မှ ၂၀၂၀ ဘဏ္ဍာနှစ်တွင် ၇ ဒသမ ၂ ရာခိုင်နှုန်းအထိ ပြန်လည်တိုးတက်လာမည်ဟု ခန့်မှန်းထားသော်လည်း စိုးရိမ်နေသည့်စားသုံးသူများ၏ အမူအကျင့်နှင့် ခရီးသွားလာမှုကန့်သတ်ချက်များက ဝန်ဆောင်မှုကဏ္ဍအပါအဝင် ကဏ္ဍအများအပြားအား ထိခိုက်မှုများ ဆက်လက်ရှိနေစေမည်ဖြစ်သကဲ့သို့ တိုးတက်မှုနှုန်းအားလည်း တစ်ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်သည်ဟု ခန့်မှန်းထားသည်။
သို့သော် တိုင်းပြည်စီးပွားရေး၏ ၂၂ ရာခိုင်နှုန်းအား ကိုယ်စားပြုသည့် စိုက်ပျိုးရေးကဏ္ဍတွင်မူ အားကောင်းမှုများ ဆက်ရှိနေပြီး မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ကျဆင်းမှု အနည်းငယ်ရှိသော်လည်း စိုက်ပျိုးရေးတွင် ပုံမှန်လည်ပတ်နေသောကြောင့် ၀ ဒသမ ၇ ရာခိုင်နှုန်းသာ ကျဆင်းမှုရှိမည်ဟု ခန့်မှန်းထားသည်။
နိုင်ငံစီးပွားရေး၏ ၃၆ ရာခိုင်နှုန်းအား လွှမ်းခြုံထားသည့် ကုန်ထုတ်လုပ်မှုကတွင် COVID-19 ကြောင့် လုပ်သားရှားပါးမှုနှင့် တရုတ်နိုင်ငံနယ်စပ်ဂိတ်များ ပိတ်ထားမှုကြောင့် ပို့ကုန်ကဏ္ဍတွင် အသုံးပြုသည့် ကုန်ကြမ်းများ ရရှိနိုင်ရေး အခက်အခဲများကြောင့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွက် ၀ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းသွားမည်ဟု ခန့်မှန်းထားသည်။
ICAEW သည် Chartered Accountants Worldwide ကွန်ရက်၏အဖွဲ့ဝင် တစ်ခုဖြစ်ပြီး Chartered Accountants Worldwide သည် နိုင်ငံပေါင်း ၁၉၀ မှ အဖွဲ့ဝင်ပေါင်း ၇၅၀၀၀၀ ပါဝင်သည့် ကွန်ရက်တစ်ခုဖြစ်ကာ လက်မှတ်ရစာရင်းကိုင်များ၏ ကျွမ်းကျင်မှုများအား ကမ္ဘာအနှံ့မြှင့်တင်ပေးနေသည့် အဖွဲ့အစည်းလည်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်