ထိုင်းနိုင်ငံအတွင်း တရားမဝင်အလုပ်သမားဖမ်းဆီးရေး ရက် ၁၂၀ စီမံချက်၏ ၁၀၆ ရက်မြောက်တွင် မြန်မာလုပ်သား ၁၉၃၄၃၀ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။
ထိုင်းနိုင်ငံအတွင်း တရားမဝင်လုပ်သား ဖမ်းဆီးရေး ရက်ပေါင်း ၁၂၀ စီမံချက်အဖြစ် စတင်ခဲ့သည့် ဇွန် ၅ ရက်မှ စက်တင်ဘာ ၁၉ ရက်အထိ ၁၀၆ ရက်အတွင်း မြန်မာ၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား စသည့်နိုင်ငံများမှ လာရောက်လုပ်ကိုင်ကြသည့်တရားမဝင် ရွှေ့ ပြောင်းအလုပ်သမား စုစုပေါင်း ၂၅၆၂၁၃ ဦး ဖမ်းဆီးရမိကြောင်း ထိုင်းအလုပ်သမားဝန်ကြီး ဌာနမှ သိရသည်။
နိုင်ငံအလိုက် ဖမ်းဆီးခံရသော တရားမ ဝင် အလုပ်သမားများတွင် မြန်မာအလုပ်သ မား ၁၉၃၄၃၀ ဦး၊ ကမ္ဘောဒီးယားအလုပ်သမား ၃၉၇၃၆ ဦး၊ လာအိုအလုပ်သမား ၁၅၂၈၁ ဦး၊ ဗီယက်နမ်အလုပ်သမား ၁၆၂ ဦးနှင့် အခြား နိုင်ငံသားအလုပ်သမား ၇၆၀၄ ဦးဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံ တရားမဝင်လုပ်သားများအ နက် မြန်မာအလုပ်သမား ၁၁၄၉ ဦး၊ လာအို အလုပ်သမား ၂၅၇ ဦး၊ ကမ္ဘောဒီးယားအလုပ် သမား ၂၅၉ ဦး၊ ဗီယက်နမ်အလုပ်သမား ၃၁ ဦး၊ အခြားနိုင်ငံအလုပ်သမား ၁၃၄ ဦးတို့ကို အရေးယူဆောင်ရွက်ပြီးဖြစ်သည်ဟု သိရသည်။
အလုပ်လုပ်ကိုင်ခွင့် work permit မရှိ သည့် အလုပ်သမားနှင့် လုပ်ကိုင်ခွင့်မရှိသည့် အလုပ်အမျိုးအစားကို လုပ်ကိုင်သည့်အလုပ် သမားကို တွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိ အလုပ်သမားက ဒဏ်ငွေပေး ဆောင်ရမည်ဖြစ်ပြီး နေရပ်သို့ပြန်ပို့ခံရခြင်းနှင့်အတူ အလုပ်လုပ်ကိုင်ခွင့် နှစ်နှစ်ပိတ်ခံရ မည်ဖြစ်သည်။ အလုပ်လုပ်ကိုင်ခွင့်မရှိသည့် အလုပ်သ မားကို လက်ခံသည့်အလုပ်ရှင်ကို တွေ့ရှိပါက အလုပ်သမားတစ်ဦးလျှင် ဘတ် ၁၀၀၀၀ မှ ၁၀၀၀၀၀ အထိ ဒဏ်ငွေပေးဆောင် ရမည်ဖြစ်ပြီး ထပ်မံကျူးလွန်မှု တွေ့ရှိပါက ထောင်ဒဏ် အများဆုံးတစ်နှစ်နှင့် ဘတ်ငွေ ၅၀၀၀၀ မှ ၂၀၀၀၀၀ အထိ ပေးဆောင်ရမည် ဖြစ်သလို ရွှေ့ပြောင်း အလုပ်သမားငှားရမ်းခွင့် သုံးနှစ် ပိတ်ခံရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဘက်မှ လာသောသတင်းများအရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
