ချယ်လ်ဆီးနည်းပြ မာရက်စကာသည် မန်စီးတီးနည်းပြ ဂွါဒီယိုလာနောက်ပိုင်း ပွဲဦးထွက်ပရီးမီးယားလိဂ် အဝေးကွင်း(၃)ပွဲဆက် အနိုင်ရရှိသည့် ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဝက်စ်ဟမ်းအသင်းကို အဝေးကွင်း၌ (၃-ဝ)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အတွက် မာရက်စကာအနေဖြင့် အဆိုပါမှတ်တမ်းကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။
အီတလီနည်းပြ မာရက်စကာသည် ယခုရာသီတွင် ချယ်လ်ဆီးအသင်းကို စတင်တာဝန်ယူကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ်(၅)ပွဲယှဉ်ပြိုင်ရာ၌ (၃)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၁)ပွဲရှုံးနိမ့်ထားသည်။
၎င်းအနေဖြင့် အိမ်ကွင်းနှစ်ပွဲ၌ (၁)ပွဲရှုံး၊ (၁)ပွဲသရေကျခဲ့သော်လည်း အဝေးကွင်း(၃)ပွဲစလုံး ရာနှုန်းပြည့်အနိုင်ရခဲ့ခြင်းဖြစ်သည်။ ချယ်လ်ဆီးအသင်းသည် အဝေးကွင်း၌ ဝုလ်ဗ်၊ ဘုန်းမောက်နှင့် ဝက်စ်ဟမ်းတို့ကို အနိုင်ရခဲ့ ခြင်းဖြစ်သည်။
မာရက်စကာမတိုင်မီ ပွဲဦးထွက်ပရီးမီးယားလိဂ်အဝေးကွင်း (၃)ပွဲဆက် အနိုင်ရခဲ့သည့် နောက်ဆုံးနည်းပြမှာ ဂွါဒီယိုလာဖြစ်ပြီး ၂၀၁၆-၁၇ ရာသီ၌ စတုတ်၊ မန်ယူနှင့် ဆွမ်ဆီးတို့ကို အနိုင်ရခဲ့ခြင်းဖြစ်သည်။
ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်၌ အဝေးကွင်း(၅)ပွဲဆက် အနိုင်ရရှိထားခြင်းမှာ ၂၀၂၁ နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
