မာရက်စကာရဲ့ စစ်တုရင်အတွေး
24htopnews | September 23, 2024 4:12 PM CST
ချယ်လ်ဆီးနည်းပြ မာရက်စကာက ဘောလုံးပွဲကို စစ်တုရင်လို သဘောထားပါတယ်။ အဲဒီခံစားချက်ဟာ ဂွါဒီယိုလာနဲ့ ဆင်တူပါတယ်။ သူတို့ နှစ်ဦးကြား ဆက်နွယ်မှုကလည်း ရှည်လျားခဲ့ဖူးတယ်။ မာရက်စကာက မန်စီးတီးမှာ ဂွါဒီယိုလာရဲ့ လက်ထောက်နည်းပြ ဖြစ်ခဲ့တာပါ။ သူတို့နှစ်ဦးရဲ့ ရေစက်က အဲဒီအချိန်ကာလထက်လည်း စောခဲ့ဖူးတယ်။ ဂွါဒီယိုလာနဲ့ ပထမဆုံးစကားပြောဆိုချိန်မှာ မာရက်စကာက ကစားသမားဘဝမှာပဲ ရှိနေသေးတယ်။ဘာစီလိုနာနည်းပြ ဂွါဒီယိုလာကို မာလာဂါကစားသမား မာရက်စကာ စကားစမြည်ပြောခွင့် ရခဲ့တယ်။ အီတလီဂန္ထဝင်နည်းပြ ကာလိုမက်ဇိုနီနဲ့ သူတို့နှစ်ဦးစလုံး ရေစက်ဆုံဖူးတာလည်း တူညီပါတယ်။ မာရက်စကာက ကာဂလီယာရီအသင်းမှာ၊ ဂွါဒီယိုလာက ဘရက်စီယာအသင်းမှာ မက်ဇိုနီနဲ့ ဆုံခဲ့ဖူးတာပါ။ မက်ဇိုနီက နည်းပြဘဝမှာ ဆုဖလား အောင်ပွဲတွေ မရပေမဲ့ သူ့ရဲ့အတွေးအခေါ်၊ ကစားသမား ပြုစုပျိုးထောင်ပေးမှုတွေကြောင့် ဂန္ထဝင်ဆန်ခဲ့သူပါ။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
