Top News

အီတလီလူမျိုးနည်းပြ အယ်လီဂရီအား မန်ယူစောင့်ကြည့်နေ
24htopnews | September 23, 2024 4:12 PM CST

မန်ယူအသင်းသည် လက်ရှိနည်းပြဖြစ်သည့် ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟက်ဂ်၏နေရာတွင် အစားထိုးရန်အတွက် အသင်းလက်မဲ့ဖြစ်နေသည့် အီတလီလူမျိုးနည်းပြ အယ်လီဂရီအားစောင့်ကြည့်နေကြောင်း ဗြိတိန်မီဒီယာများကဖော်ပြခဲ့ကြသည်။

အသက် (၅၄)နှစ်အရွယ်ရှိ အဲရစ်တန်ဟက်ဂ်သည် မန်ယူအသင်းအား ၂၀၂၂-၂၃ ရာသီက စတင်ကိုင်တွယ်ခဲ့ပြီး ပြီးခဲ့သည့် (၂) ရာသီအတွင်း လိဂ်ဖလားနှင့် FA ဖလားချန်ပီယံဆုတို့ ရယူနိုင်ခဲ့သော်လည်း မန်ယူအသင်းအနေဖြင့် ရလဒ်မတည်ငြိမ်မှုများနှင့်အတူ ရုန်းကန်နေရသည့်အတွက် နည်းပြအပြောင်းအလဲလုပ်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်နေခြင်းဖြစ်သည်။

ဆာဆူအိုလို၊ ကာဂလီယာရီ၊ အေစီမီလန်နှင့်ဂျူဗင်တပ်စ်အသင်းများကို ကိုင်တွယ်ခဲ့သည့် အယ်လီဂရီ (၅၇ နှစ်)သည် ပြီးခဲ့သည့်မေလအတွင်းက ဂျူဗင်တပ်စ်အသင်းနှင့် လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီး မကြာမီနည်းပြလောကသို့ ပြန်လည်ဝင်ရောက်ရန် စီစဉ်နေကြောင်း သိရသည်။


READ NEXT
Cancel OK