ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသ အနောက်ဘက်ခြမ်း ပြင်လိမ့်အောက်ရွာရှိ ဒေသခံများမှာ အလှူရှင်ရောက်ရှိမှု နည်းပါးသဖြင့် သောက်သုံး ရေနှင့် စားသောက်ရေး အခက်အခဲကြုံနေရကြောင်း ယင်းကျေးရွာနေ ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။
အဆိုပါ ပြင်လိမ့်အောက်ရွာတွင် အိမ်ခြေ (၁၈၀)ခန့်ရှိပြီး၊ ကျေးရွာအတွင်း ရေအနည်းငယ် ကျဆင်းနေပြီဖြစ်သော်လည်းမူလရေကြီးရေလျှံဖြစ်ပွားချိန်ထက်(၆) လက်မခန့်သာ ကျဆင်းသေးကြောင်း ၎င်းက ဆိုသည်။
“အင်းရေ ကျတယ်ဆိုတာ လချီကြာတဲ့အတွက် ရေကျတယ်လို့ပြောလို့ရပေမယ့်ခြောက်လက်မလောက်ဘဲကျသေးတာ။ အချို့မြှုပ်နေကြတုန်းပဲ။ အခုကသောက်ရေနဲ့ အစားအသောက်အရမ်းလိုအပ်နေတယ်။ အိမ်သာတွေလည်း ပျက်ဆီးကုန်တော့ ကြာရင်ဝမ်းရောဂါအတွက်စိုးရိမ်ရတယ်။အခုက တစ်အိမ်နဲ့တစ်အိမ်သွားဖို့လှေမရှိတော့ ဆီပုံးတွေကို ကြိုးနဲ့ ဆိုင်းပြီး ရေထဲသွားလာနေရတယ်”ဟု ၎င်းက ရှင်းပြသည်။
လက်ရှိတွင် ကျေးရွာအတွင်း ရေနစ်မြှုပ်နေသည့် နေအိမ်များမှ မိသားစုဝင်များအနေဖြင့် ရေလွတ်သည့် အိမ်အချို့တွင်အစုလိုက်အပြုံလိုက် နေထိုင်ကြရကြောင်း သိရသည်။
အလားတူ အင်းလေးဒေသအတွင်း အလှူရှင် အရောက်နည်းသည့် အခြားသောကျေးရွာများမှာ အင်းတိန်ရွာ၊ သရက်သုံးပင်ရွာနှင့် လယ်ပြင်ရွာတို့ဖြစ်ပြီး၊ ညောင်ရွှေမှ စက်လှေဖြင့် အင်းတိန်ရွာကိုသွားမည်ဆိုပါက တစ်နာရီကျော်၊ ပြင်လိမ့်အောက်ရွာသို့ မိနစ်(၄၀)ခန့် သွားရကြောင်း အဆိုပါဒေသခံကပြောသည်။
“အလှုရှင်တွေလာရင် ကျေးရွာအထိ ကျွန်တော်တို့လမ်းပြပေးပါမယ်။ ကျွန်တော်တို့ အခု ညောင်ရွှေမှာ ရောက်နေပါတယ်။ ရွာအတွက် ကူညီပေးစေချင်ပါတယ်”ဟု ၎င်းက မေတ္တာရပ်ခံတောင်းဆိုထားသည်။
ဓာတ်ပုံ-ဒေသခံတစ်ဦး


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
