ယူကရိန်း၏ စစ်အသုံးစရိတ်သည် ဒေါ်လာ ၁၅၀ ဘီလီယံ ကျော်လွန်သွားပြီဖြစ်သော်လည်း ယင်းပမာဏသည် မိမိတို့အတွက် မလုံလောက်ကြောင်း ယူကရိန်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Rustem Umerov က ပြောကြားခဲ့သည်။
“ကျွန်ုပ်တို့သည် မိတ်ဖက်နိုင်ငံများထံမှနှင့် ကျွန်ုပ်တို့၏ဘတ်ဂျက်ထဲမှ စုစုပေါင်းရရှိသော ဒေါ်လာ ၁၅၀ ဘီလီယံကျော်ကို သုံးစွဲခဲ့သည်။ သို့ရာတွင် ငွေပိုလိုသည်။ လိုသလောက်သာရမည်ဆိုလျှင် ကျွန်ုပ်တို့၏စွမ်းရည်များ အလွန်အားကောင်းလာမည်ဖြစ်ပါသည်။ ထို့အတွက် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်လိမ့်မည်” ဟု ယူကရိန်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Rada ရုပ်သံလိုင်း နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
မည်သည့်အချိန်က မည်မျှသုံးစွဲခဲ့ကြောင်း ငွေကြေးပမာဏ အတိအကျကိုမူ ဝန်ကြီးကမပြောချေ။
ယူကရိန်းသမ္မတ ဗလာဒီမာ ဇလန်းစကီးသည် ၂၀၂၄ ခုနှစ် စစ်ရေးလိုအပ်ချက်အတွက် နောက်ထပ်ဒေါ်လာ ၁၂ ဘီလီယံ ခွဲဝေသုံးစွဲရေးဆိုင်ရာ ဥပဒေတစ်ရပ်ကို ယခင်ကတည်းကပင်လျှင် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။
ပြည်တွင်းအရင်းအမြစ်အားလုံးကို “ကာကွယ်ရေးနှင့် လုံခြုံရေးဆီသို့ တစ်ဖန်ဦးတည်လိမ့်မည်” ဟု ယူကရိန်းဝန်ကြီးချုပ် Denis Shmygal က မှတ်ချက်ပြုခဲ့သည်။ သူ့အဆိုအရ ကာကွယ်ရေးအသုံးစရိတ်သည် အနည်းဆုံး ၂.၂၂ ထရီလီယံ Hryvnias (ဒေါ်လာ ၅၃.၆ ဘီလီယံ) အထိ တိုးလာမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
