ပွဲစဉ်(၅)အပြီး နိုင်ပွဲမရသေးသည့်အသင်း (၆)သင်းရှိနေခြင်းမှာ ပရီးမီးယားလိဂ်တွင် ပထမဆုံးအဖြစ် မှတ်တမ်းဝင်
24htopnews | September 23, 2024 5:12 PM CST
ယခုရာသီ ရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပွဲစဉ်(၅)ပွဲပြီးဆုံးချိန်၌ နိုင်ပွဲမရသေးသည့်အသင်း (၆)သင်းအထိ ရှိနေခြင်းမှာ ပြိုင်ပွဲ၏သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။
ပရီးမီးယားလိဂ် ပွဲစဉ်(၅)အပြီးတွင် လက်စတာ၊ ခရစ္စတယ်ပဲလေ့စ်၊ အစ်ဝစ်ချ်၊ ဆောက်သမ်တန်၊ အဲဗာတန်နှင့် ဝုလ်ဗ်တို့ နိုင်ပွဲပျောက်နေခြင်းဖြစ်သည်။
ဆောက်သမ်တန်၊ အဲဗာတန်နှင့် ဝုလ်ဗ်တို့မှာ (၁)မှတ်စီသာ ရရှိထားသည့်အတွက် ပရီးမီးယားလိဂ်တွင် ဆက်လက်ရှင်သန်ခွင့်ရရှိရန် ခက်ခက်ခဲခဲရုန်းကန်ရဖွယ်ရှိနေသည်။
ပရီးမီးယားလိဂ်မှ တန်းဆင်းရမည့် အသင်း(၃)သင်းအတွက် အလေးပေးမှုတွင်မူ ဆောက်သမ်တန်၊ လက်စတာ နှင့် အစ်ဝစ်ချ်တို့က ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။
ပွဲစဉ်(၅)အပြီးတွင် ရှုံးပွဲမရှိသေးသည့်အသင်း (၄)သင်းသာရှိတော့ပြီး မန်စီးတီး၊ အာဆင်နယ်၊ ဘရိုက်တန်နှင့် နော်တင်ဟမ်ဖောရက်စ်တို့ဖြစ်သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
