ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ကူညီရန် မနက်ဖြန် စက်တင်ဘာ (၂၄)ရက်၌ ရေဘေးသင့်ဒေသများသို့ သွားရောက်မည်ဖြစ်ရာ ဝိုင်းဝန်းကူညီပေးကြရန် ရိုးရာလက်ဝှေ့အလွတ်တန်းချန်ပီယံ ထွန်းထွန်းမင်း ယနေ့တွင် မေတ္တာရပ်ခံ အကူညီတောင်းထားသည်။
“ကျွန်တော်ရဲ့ ပြိုင်ပွဲကတော့ ပြီးသွားပါပြီ။ အားပေးတဲ့ ပရိသတ်တွေအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ ရေဘေးကူညီလှူဒါန်းခြင်းကို ကျွန်တော် မနက်ဖြန်ကနေစပြီး ပြုလုပ်မှာဖြစ်ပါတယ်။ ကျွန်တော်ရဲ့အလှူမှာ ဝိုင်းဝန်းကူညီပေးကြပါနော်”ဟု သူ၏လူမှုကွန်ရက်မှတဆင့် ရေးသား မျှဝေထားသည်။
ထွန်းထွန်းမင်းသည် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ကူညီရန်သူ၏ မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို လေလံတင်ရောင်းချခဲ့ရာတွင် အမည်မဖော်လိုသူ စေတနာရှင်တစ်ဦးက ကျပ်သိန်း(၅၀၀)ဖြင့် လေလံအောင်ထားခြင်းဖြစ်သည်။
ထွန်းထွန်းမင်းအနေဖြင့် မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်၏ ထောက်ခံချက်ဖြင့် လက်ဝှေ့မိသားစု ညီအကိုများပူးပေါင်း၍ အကူအညီလိုအပ်နေသော ရေဘေးသင့် ဒေသပြည်သူများလက်ဝယ်အရောက် ရက်အကန့်အသတ်မရှိ သွားရောက် လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ ရေဘေးသင့်ပြည်သူများကို ကူညီရန် ရိုးရာလက်ဝှေ့ကျော်ဟောင်း ထွန်းလွင်မိုးက သူပိုင်ဆိုင်ထားသည့် ကမ္ဘာ့ချန်ပီယံခါးပတ်ကိုလည်း လေလံတင် ရောင်းချထားသလို ၎င်း၏ ညီဖြစ်သူ သန့်ဇင်ကလည်း ONE မှ ပထမဆုံးရရှိသည့် လက်အိတ်ကို လေလံတင်ရောင်းချခဲ့ကြကြောင်း သိရသည်။
ဓာတ်ပုံ – Tun Tun Min Facebook



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
