မြန်မာနိုင်ငံရှိ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီဆောင်ရွက်မှုအတွက် ယူရို ၁ ဒဿမ ၂ သန်း ကောက်ခံရရှိထားပြီး ရေဘေးသင့် လိုအပ်နေသူများထံ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ EU ၏ ထုတ်ပြန်ချက်အရ သိရသည်။
EU အနေဖြင့် အရေးပေါ် အကူအညီ ယူရိုငွေ ၁ ဒဿမ ၂ သန်း ကောက်ခံရရှိထားပြီး အထောက်အပံ့ပေးရန် အသင့်ဖြစ်နေကြောင်းနှင့် အကူအညီများကို မြန်မာနိုင်ငံမှ ရေဘေးသင့် လိုအပ်နေသူများထံ ရောက်ရှိစေရန်နှင့် ထပ်မံ၍ ရန်ပုံငွေများရရှိရန် မိတ်ဖက်များနှင့် လုပ်ဆောင်နေကြောင်း EU က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတစ်ဝန်း ယာဂီမုန်တိုင်းအရှိန်ကြောင့် လျှပ်တပြက် ရေကြီးပြီး ပဲခူး၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ နေပြည်တော်၊ ရခိုင်၊ စစ်ကိုင်း၊ ရှမ်း အရှေ့ပိုင်းနှင့် တောင်ပိုင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ (၆၅) မြို့နယ်တွင် နေ ရပ်စွန့်ခွာသူများ အပါအဝင် ခန့်မှန်းခြေ လူဦးရေ ၈၈၇,၀၀၀ ခန့် ရေဘေးသင့်ခဲ့ကြောင်း UNOCHA Myanmar ကလည်း စက်တင်ဘာ(၂၁)ရက်က ထုတ်ပြန်ထားသည်။
လက်ရှိအချိန်ထိ အသက်ဆုံးရှုံးသူပေါင်း (၃၀၀) ကျော်၊ ထိ ခိုက်ဒဏ်ရာရ (၁၀၀) ကျော်ရှိကြောင်းနှင့် ထိခိုက်မှု အကြီးမားဆုံးနေရာများတွင် နေအိမ်များ၊ အိမ်သုံးပစ္စည်းများ၊ ရေအရင်းမြစ်များနှင့် လျှပ်စစ်ဓါတ်အားလိုင်းများ ပျက်စီးမှုများပြားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
