ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်တွေမှလွဲ၍ အခြားမြို့နယ်များ၌ ကျန်းမာရေးဌာနများ ဖွင့်လှစ်နိုင်ခြင်း မရှိသဖြင့် ပြည်နယ်တွင်းဖြစ်ပွားနေသည့် အရေပြားရောဂါနှင့်ပတ်သက်၍ လက်လှမ်းမီနေရာများတွင် ကုသမှုနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ရခိုင်မြောက်ပိုင်းမြို့အများစုနှင့် နယ်စပ်ဒေသနေရာအချို့ကို AA အဖွဲ့က ထိန်းချုပ်ထားခြင်းဖြစ်သော်လည်း ဒေသခံပြည်သူများ၏ အရေးတကြီး လိုအပ်နေသော စားဝတ်နေရေး၊ ပညာရေးနှင့်ကျန်းမာရေးကိစ္စများကို စီမံဆောင်ရွက်ပေးခြင်းမရှိခြင်းကြောင့် ဒေသခံပြည်သူများက ဆေးဝါးများနှင့် အခြေခံစားသောက်ပစ္စည်းများအား စီစဉ်ပေးရန် တောင်းဆိုနေကြသည်ဟု (source-WN) ဖော်ပြပါသတင်းနှင့်ပတ်သက်၍ မှန်ကန်မှု ရှိ/မရှိနှင့် စာရင်းအမှန်၊ သတင်းအမှန်အား ပြည်သူများအတွက် ဖြေကြားပေးစေလိုကြောင်း သတင်းဌာနတစ်ခု၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားရာတွင် ကျန်းမာရေးဝန်ကြီဌာနက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားထားခြင်းဖြစ်သည်။
စက်တင်ဘာ ၂၀ ရက်က Western News တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ စစ်တွေမြို့နယ်နှင့် မင်းပြားမြို့နယ် စစ်ဘေးရှောင်များတွင် အရေပြားရောဂါဖြစ်နေကြကြောင်း ရောဂါဖြစ်ပွားသူ ၄၈၀ ကျော်တွင် ၁၀ နှစ်အောက် ကလေး ၁၁၂ ဦး ပါဝင်နေကြောင်း သတင်းဖော်ပြခဲ့ခြင်းနှင့်စပ်လျဉ်း၍ သတင်းတွင်ပါဝင်သောပုံများကို အရေပြားအထူးကုဆရာဝန်၏ ဆန်းစစ်ချက်အရ အများစုမှာ ဝဲရောဂါဖြစ်ပြီး ယားယံကုတ်ခြစ်ရာမှ ပိုးထပ်မံဝင်ရောက်ပြီး အရေပြားအနာများဖြစ်ခြင်း၊ နှင်းခူရောဂါ၊ ပွေးရောဂါ၊ နားပြည်ယိုရောဂါဖြစ်သည့်ပုံများ ဖြစ်နိုင်ကြောင်း သိရှိရပြီး ဝဲရောဂါသည် တစ်ဦးမှ တစ်ဦးသို့ ကူးစက်တတ်သဖြင့် ရောဂါပျောက်ကင်းရန် ရောဂါရှိသူအားလုံးကို တပြိုင်နက် ကုသပေးနိုင်ရန် လိုအပ်ပြီး မိသားစုတွင် ရောဂါဖြစ်ပွားသူ ကျန်ရှိနေပါက ထပ်မံကူးစက်ပျံ့ပွားနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြောကြားသည်။
လတ်တလောအခြေအနေများအရ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်တွေမြို့နယ်မှလွဲ၍ အခြားမြို့နယ်များတွင် ဆေးရုံနှင့် ကျန်းမာရေးဌာနများ ဖွင့်လှစ်နိုင်ခြင်းမရှိသောကြောင့် သတင်းဌာနမှ ဖော်ပြလာသော အရေပြားရောဂါဖြစ်ပွားမှုများ၏ သတင်းကို အတည်ပြုနိုင်ခြင်းမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြောကြားသည်။
စက်တင်ဘာ ၂၁ ရက်တွင် ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူးသည် စစ်တွေပြည်သူ့ဆေးရုံကြီးမှ အရေပြားအထူးကုဆရာဝန်၊ သူနာပြု၊ စစ်တွေခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့်အတူ စစ်တွေမြို့၊ ရွာကြီးမြောက်ရပ်ကွက်၊ သောဘိတာရာမ ဘုန်းတော်ကြီးကျောင်းရှိ တိုက်ပွဲရှောင်စခန်းသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း၊ သောဘိတာရာမကျောင်းတွင် တိုက်ပွဲရှောင် အိမ်ထောင်စု ၁၉ စု၊ လူဦးရေ ၇၀ ရှိပြီး စစ်ဆေးချက်အရ အရေပြားရောဂါဖြင့် လာရောက်ပြသသူ ၄၀ ဦးကို စမ်းသပ်စစ်ဆေးခဲ့ရာ ဝဲရောဂါ ၃၀ ဦး၊ ခြင်ကိုက်ယားနာ လေးဦး၊ အရေပြားမှိုစွဲရောဂါ (Fungal Infection) သုံးဦး၊ မိတ်ဖုယားနာ နှစ်ဦး၊ နှင်းခူရောဂါ တစ်ဦး တွေ့ရှိကုသပေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြောကြားသည်။
ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနအနေဖြင့် စစ်တွေမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများ လက်လှမ်းမီသွားရောက်နိုင်သည့် ဒေသများတွင် ကွင်းဆင်း ဆေးကုသမှုများ ဆောင်ရွက်ပေးခြင်းနှင့် ဝဲရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြောကြားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
