မွန်ပြည်နယ်၊ သထုံမြို့ရှိ သထုံခရိုင်တရားရုံးမှ ဌာနခွဲစာရေးဖြစ်သူ အမျိုးသမီးနှင့် ခင်ပွန်းဖြစ်သူတို့နှစ်ဦးမှာ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ပြောကြားချက်များအရ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ(၂၁)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်ခန့်က သထုံမြို့နယ်၊ ဂေါ့ကျေးရွာအုပ်စု၊ ဂေါ့ရွာကြီးပိုင်းနေ သထုံခရိုင်တရားရုံး ဌာနခွဲစာရေး အဆင့်ရှိ အသက်(၄၃)နှစ်အရွယ် ဒေါ်သင်းသင်းမြတ်နှင့် ၎င်း၏ခင်ပွန်းဖြစ်သူ အသက်(၃၉)နှစ်အရွယ် ဦးကျော်ဟိန်းတို့နှစ်ဦးမှာ ၎င်းတို့နေအိမ်တွင်ရှိနေစဉ် သေနတ်သမားနှစ်ဦး ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “သေနတ်သမားနှစ်ယောက်က အမှုအပ်ချင်လို့ဆိုပြီး အိမ်ဝိုင်းထဲဝင်လာပြီးတော့ သေနတ်ထုတ်ပြီး ပစ်ခတ်သွားတာလို့ ပြောကြတယ်။ လင်မယားနှစ်ယောက်လုံး အခင်းဖြစ်တဲ့နေရာမှာဘဲ သေဆုံးခဲ့ကြတာပါ” ဟု ပြောကြားသည်။
သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့် ဒေါ်သင်းသင်းမြတ် တွင် ဘယ်ဘက်လက်မောင်း၊ လက်ဖျံ နှင့် ဘက်ဘက်ရင်အုံတွင် ကျည်ဖောက်ဝင်ဒဏ်ရာ (၁) ချက်စီ နှင့် ဘယ်ဘက်နား အနောက်တွင် ကျည်ဖောက်ထွက်ဒဏ်ရာ (၁) ချက်ဖြင့်လည်းကောင်း၊ ခင်ပွန်းဖြစ်သူ ဦးကျော်ဟိန်း တွင် ညာဘက်ပါး၊ ညာဘက်လက်ဖျံ နှင့် ဘက်ဘက်လက်ဖျုံတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာ (၁) ချက်စီနှင့် ဝမ်းဗိုက်ဘယ်ဘက်ခြမ်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာ (၁) ချက်၊ ဘယ်ဘက်ဂျိုစောင်းတွင် ကျည်ထောက်ထွက်ဒဏ်ရာ (၁) ချက်ဖြင့်လည်းကောင်း အခင်းဖြစ်ပွားရာနေရာ၌ပင်သေဆုံးခဲ့ကြကြောင်း သိရသည်။
သေနတ်သမားနှစ်ဦးမှာ ဂေါ့ကျေးရွာရှိ ကွန်ပြူတာတက္ကသိုလ်ဘက် ဒေါ်သင်းသင်းမြတ် တို့၏ အိမ်ဘက်သို့ ဆိုင်ကယ်နှင့်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ရွာပတ်လမ်းအတိုင်း ဝင်းစိန်ရွာဘက်သို့ မောင်းထွက်သွားကြောင်း ဒေသခံများထံမှ သိရသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရပြီးသေဆုံးခဲ့ကြသည့် သထုံခရိုင်တရားရုံးမှ ဌာနခွဲစာရေးဖြစ်သူ ဒေါ်သင်းသင်းမြတ် နှင့် ခင်ပွန်းဖြစ်သူ ဦးကျော်ဟိန်း တို့၏ ရုပ်အလောင်းများအား ဒေသခံလူမှုကူညီရေးအဖွဲ့မှ သထုံခရိုင်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
မွန်ပြည်နယ် သထုံမြို့နယ်အတွင်း ပြီးခဲ့သည့် ဇွန်လ (၁) ရက်နေ့က သထုံမြို့နယ် တောင်စွန်းကျေးရွာအုပ်ချုပ်ရေးမှုဖြစ်သူ ဦးခင်လေးဇော် (ခ) ဦးဇော်လေး သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရပြီးနောက်ပိုင်း၊ ယခု သထုံခရိုင်တရားရုံးမှ ဌာနခွဲစာရေးဖြစ်သူ အမျိုးသမီးနှင့် ခင်ပွန်းဖြစ်သူတို့ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘိုဘိုမြင့်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
