ရေကြီးမှုကြောင့် လူသေဆုံးမှုနှင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ကလောမြို့၌ နုန်းနှင့် အမှိုက်များ ရှင်းလင်းနေရဆဲဖြစ်ပြီး ထောက်ပံ့ကူညီမှုများလည်း လိုအပ်နေဆဲဖြစ် ကြောင်း သိရသည်။
“မိုးကလည်း များတယ်။ မြေကလည်း ပြိုတယ်။ တောင်ကျချောင်းရေကြီးတာ ဒီလို တစ်ခါမှ မကြုံဖူးဘူး။ မြို့ထဲအထိ ရေတက်မြုပ်တာ။ ရုံးဌာနတွေ ကျောင်းတွေလည်း မြုပ်တယ်။ ချောင်းဘေးနားက အိမ်တွေက အတော်အထိ နာတယ်။ အိမ်တွေလုံးလုံးပါသွားတာတွေရှိ တယ်။ ပျက်စီးကုန်တာတွေလည်း များတယ်။ ရေကျပြီဆိုပေမဲ့ နုန်းတွေ အခုထိ ရှင်းလို့မပြီး သေးဘူး။ မြို့လယ်မှာတောင် နုန်းက ဒူးလောက် ရှိတယ်။ အပျက်အစီးတွေလည်းများတယ်။ တိုက်ရိုက်လှူဒါန်းပေးတာ ပိုထိရောက်တယ်။ အကူအညီတွေလိုနေတုန်းပါပဲ။ ထိခိုက်တာ ဆိုးတဲ့နေရာတွေအထိ လာလှူစေချင်ပါ တယ်။ တောင်တွေ ပြိုကျပြီး ရေကြီးတဲ့နောက် နုန်းတွေပါလာတော့ ရှင်းရတာ အတော်နဲ့မပြီး သေးဘူး။ ဘုန်းကြီးကျောင်းတွေမှာ နေနေကြ ရတုန်းပဲ။ နုန်းတွေရှင်းပြီးချိန် အိမ်ရှိသေးတဲ့ သူတွေ ပြန်လို့ရနိုင်ပေမဲ့ အိမ်မရှိတော့တဲ့သူ တွေကတော့ ဘယ်လိုလုပ်ရမယ်မသိသေး ဘူး။ တချို့ရပ်ကွက်တွေက ရေဘေးထိခိုက် သူစာရင်းလုပ်ကြတယ်ကြားတယ်။ ကျွန်မတို့ ရပ်ကွက်ဘက်ကတော့ တာဝန်ရှိတဲ့သူ ဘယ် သူ့ဆီ စာရင်းပေးရမှန်း အခုထိမသိသေးဘူး}}ဟု ကလောရေဘေးဒုက္ခသည်တစ်ဦးက ပြော ကြားသည်။
“ကလောရေဘေးမှာ တစ်အိမ်တည်း လေးယောက် သေဆုံးတာတောင်ရှိတယ်။ တခြားမှာ အလုပ်သွားလုပ်နေတဲ့ အိမ်ထောင် ဦးစီးတစ်ယောက်ပဲ လွတ်သွားတာ။ သူ့ဇနီးနဲ့ သားတစ်ယောက်၊ သမီးနှစ်ယောက်ကို သူပြန် လာချိန်မှာ အလောင်းပဲ တွေ့တော့တာပေါ့။ နောက်တစ်အိမ်ကလည်း ရေလွတ်ရာကို က လေးနဲ့ပစ္စည်းတွေကို ရွှေ့နေချိန် အိမ်စောင့်ကျန် ခဲ့တဲ့ အမေနဲ့အစ်မဖြစ်သူ ရေနောက်ပါသွား တာ။ အိမ်လည်းပါသွားတာပေါ့။ ကလောမှာ အိမ်လုံးလုံးပျက်စီးတဲ့အိမ်တွေရှိတယ်။ ထိခိုက် ပျက်စီးတဲ့အိမ်တွေလည်းများတယ်။ ကျွန် တော်တို့အဖွဲ့အနေနဲ့ အများလှူဒါန်းမှုတွေ ထိရောက်အောင် ငွေကြေးရော၊ ပစ္စည်းပါ လိုအပ်သူတွေ လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးခဲ့တယ်။ သေချာစိစစ်ထောက် ပံ့တာတောင် တကယ်လိုအပ်တဲ့ အိမ်ခြေက များတော့ ရတာနည်းကြတယ်။ မြို့ပေါ်အထိ နုန်းတွေ အခုထိရှင်းနေကြရတုန်းပဲ။ ထိခိုက် ပျက်စီးတာများတယ်” ဟု ရှမ်းပြည်နယ်သို့ ရေဘေးကူညီရေးရောက်ရှိနေသည့် ဟင်္သာတ ခရိုင်ကွန်ရက်ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ် ဦးက ပြောကြားသည်။
ကလောမြို့ရေဘေးဖြစ်စဉ်၌ အသက် ဘေးမှလွတ်ရန် တိမ်းရှောင်ခဲ့ကြရသဖြင့် အဝတ်အထည်နှင့် အိမ်သုံးပစ္စည်းကအစ သယ်ယူနိုင်မှုမရှိခဲ့ကြဘဲ ပြန်လည်ထူထောင် နိုင်ရေး အကူအညီများလိုအပ်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
